ရှေ့သို့
Image

တိုနေးရဲ့ချေပဂိုးမှာ အရေးပါတဲ့နေရာကို လိုင်းဆွဲဖို့မေ့ခဲ့တဲ့ VARဒိုင်လီမာဆန်

9:27 AM, 12 February

VARဒိုင် လီမာဆန်ဟာ ယမန်နေ့ညက အာဆင်နယ်ဘက်ကို ချေပဂိုးသွင်းသွားတဲ့ တိုနေးရဲ့သွင်းဂိုးမှာ အရေးပါတဲ့နေရောကို လိုင်းဆွဲဖို့မေ့သွားခဲ့ကြောင်း သိရပါတယ်။

တိုနေးကို ဖြတ်တင်ဘောပေးခဲ့တဲ့ နော်ဂတ်ဟာ လူကျွံအနေအထားမှာ ရှိနေခဲ့ပြီး တကယ်လို့ VARလိုင်းသာဆွဲခဲ့မယ်ဆိုရင် အဆိုပါသွင်းဂိုးက လူကျွံဘောအဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းသာ နိုင်သွားခဲ့မယ်ဆိုရင် ဇယားထိပ် ၈မှတ်အသာနဲ့ ဦးဆောင်နိုင်မှာ ဖြစ်ပေမယ့် ယခုသရေပွဲကြောင့် မန်စီးတီးသာနိုင်သွားခဲ့မယ်ဆိုရင် ၃မှတ်သာကွာတော့မယ့် အခြေအနေ ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အာတီတာက “ကျွန်တော် ဒီဂိုးကို ပြန်ကြည့်ပြီးပါပြီ။ ဒါကလူကျွံဘောပါ။ သူတို့ ဘာလို့မပေးခဲ့လဲဆိုတာ ရှင်းပြလိုက်လား? မရှင်းပြထားပါဘူး။ ဒါက စိတ်ပျက်စရာဖြစ်ပေမယ့် ဒီအပတ်အတွင်း အဖြေတစ်ခုတော့ရမှာပါ။ ဒီနေ့တော့ ဘာဖြေရှင်းချက်မှမရခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။

VARဒိုင်မာဆန်ဟာ ကန်တင်ပေးမှုအတွင်း ပင်နော့ခ်က ဝင်ရောက်နှောင့်ယှက်ခဲ့လားဆိုတာ ကြည့်ခဲ့ပေမယ့် တကယ်တမ်းဖြစ်ရပ်ကိုတော့ VARလိုင်းဆွဲခဲ့ခြင်း မရှိပါဘူး။

ပရောက်ဖက်ရှင်နယ်ကွင်းလယ်ဒိုင်အဖွဲ့ဝင် ခရစ္စဖွိုင်းက “တိုနေး ဂိုးသွင်းသွားတော့ VARဒိုင် လီမာဆန်က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပင်နော့ခ်က မာဂယ်ဟေးစ်နဲ့ ယှဉ်ပြေးချိန် VARက လူကျွံဘောဖြစ်သွားလားဆိုပြီး ကြည့်ခဲ့ပါတယ်။ သူ ပြစ်ဒဏ်ဘောဖြစ်နိုင်လားဆိုတာ ကြည့်ခဲ့ပြီး ပြစ်ဒဏ်ဘောမဖြစ်သွားတော့ ဂိုးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကွင်းလယ်ဒိုင် ဘန်ကီစ်ကတော့ မသိလိုက်ပဲ အမှားလုပ်မိသွားတာပါ”

“ဒါပေမယ့် တကယ်တမ်း ဂိုးရဖို့ထိုးဖောက်ချိ တိုနေးကို ဖြတ်တင်ဘောပေးခဲ့တဲ့ နော်ဂတ်က လူကျွံနေခဲ့ပါတယ်။ ဒါပေမယ့် VARက အဲ့ဒီအချက်ကို လိုင်းဆွဲပြီး စစ်ဆေးခဲ့ခြင်းမရှိပါဘူး။ လိုင်းမဆွဲခဲ့ခြင်းက လူရဲ့အမှားပါပဲ။ လိုင်းသာဆွဲခဲ့မယ်ဆိုရင် လူကျွံဘောအဖြစ် သတ်မှတ်ခံရမှာပါ”လို့ ပြောခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ဘရန့်ဖို့ဒ် #ပရီးမီးယားလိဂ် #တိုနေး