ရှေ့သို့
Image

မက်ဆီဟာ ဘာစီလိုနာမှာ အခြားကစားသမားတွေထက် ပက်ဒရီကို မျက်နှာသာပေးတယ်လို့ ကိုးမန်း ပြောကြား

11:15 AM, 10 February

မက်ဆီသည် ဘာစီလိုနာတွင် ပက်ဒရီ၏အရည်အသွေးကို စောစောစီးစီးသိမြင်ခဲ့ပြီး အခြားကစားသမားထက် ပက်ဒရီကို မျက်နှာသာပေးခဲ့ကြောင်း  ဘာစီလိုနာနည်းပြဟောင်း ကိုးမန်းက ပြောကြားခဲ့သည်။

စပိန်လူငယ်ကွင်းလယ်ကစားသမားပက်ဒရီသည် ၎င်း၏ဆယ်ကျော်သက်အရွယ် ၂၀၂၀ ခုနှစ်တွင် နူးကမ့်သို့ ပြောင်းရွှေ့ခဲ့သော်လည်း လာလီဂါဘီလူးကြီးများအတွက် အဓိက ကစားသမားတစ်ဦးဖြစ်ရန် လိုအပ်သော နည်းစနစ်ပိုင်းဆိုင်ရာစွမ်းရည်ကို သက်သေပြရန် အမြန်စီစဉ်ခဲ့ပါတယ်။ ဘောလွန်းဒီအော်ခုနစ်ကြိမ်ဆုရှင် မက်ဆီသည် ပီအက်စ်ဂျီအသင်းသို့ မထွက်ခွါမီအချိန်တွင် ၎င်း၏အခြားအသင်းဖော်အချို့က မယုံကြည်နိုင်ဖြစ်နေသော ပက်ဒရီအား ယုံကြည်ပေးခဲ့ကာ မျက်နှာသာပေးခဲ့ကြောင်းသိရှိရပါတယ်။

နယ်သာလန်နည်းပြ ကိုးမန်း က ၂၀၂၀-၂၀၂၁ ရာသီ ဘာစီလိုနာအသင်းကို နည်းပြနေတဲ့ အချိန်တုန်းက “မက်ဆီဟာ အရမ်းနှိမ့်ချခဲ့ပါတယ်။ သူက ပက်ဒရီ ရဲ့ အရည်အသွေးတွေကို ချက်ချင်းသတိပြုမိပြီး တခြားကစားသမားတွေနဲ့မတူဘဲ ဘောလုံးကွင်းအတွင်းကစားနေစဉ်အတွင်း သူနဲ့ ပေါင်းကစားဖို့ ဆန္ဒရှိခဲ့ပါတယ်” ကိုးမန်းသည် ဘာစီလိုနာ အသင်းကို ၆၇ ပွဲသာ တာဝန်ယူပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပယ်ခံခဲ့ရပြီးကတည်းက ဇာဗီ၏ နည်းပြနိုင်စွမ်းကို စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

သူက ၂၀၂၂-၂၀၂၃ ရာသီမှာ “ဘာကာက အရမ်းကောင်းနေတယ်။ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ကြည့်ပြီး အံ့သြစရာကောင်းတဲ့ ဘောလုံးကစားပုံတွေတွေ့ရပါတယ်။ သူတို့ အရမ်းကောင်းတယ်။ ကစားသမားသစ် ၁၀-၁၂ ယောက်အထိရရင်၊ အရာအားလုံးက နည်းနည်းပိုလွယ်ပါတယ်။ အသင်းရဲ့ အရည်အသွေးပေါ် မူတည်ပါတယ်။ ကျွန်တော့် ရှိနေတဲ့အချိန်တုန်းကနဲ့မတူပါဘူး"ဟုပြောကြားခဲ့ပါတယ်။

လက်ရှိတွင် ဘာစီလိုနာသည် လာလီဂါအမှတ်ပေးဇယားထိပ်တွင် ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်နှင့် ရှစ်မှတ်ဖြတ်ထားကာ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားကာ ယူရိုပါလိဂ်အဖွင့်ပွဲတွင် ယူနိုက်တက်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #မက်ဆီ #ပက်ဒရီ #ရော်နယ်ကိုးမန်း