ရှေ့သို့
Image

ခြေကျင်းဝတ်စုတ်ပြဲဒဏ်ရာကြောင့် အချိန်အတန်ကြာ နားရတော့မယ့် ဘစ်ဆူးမား

9:35 AM, 10 February

တော့တင်ဟမ်ကွင်းလယ်လူ ဘစ်ဆူးမားဟာ ဘယ်ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ကြောင်း အသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၆နှစ်သားဟာ ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ပွဲစဉ်မှာ ဆွန်ဟောင်မင်နေရာကို လူစားဝင်ပြီး ကစားခဲ့ပါသေးတယ်။ ဒါပေမယ့် မာလီသားဟာ ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသရတော့မယ်လို့ တော့တင်ဟမ်က ကြေညာခဲ့ပြီး ဘယ်အချိန် ပြန်လာမလဲဆိုတာ မကြာခင် ကြေညာသွားဖို့ ရှိနေပါတယ်။

တော့တင်ဟမ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ “ဘစ်ဆူးမားဟာ ဘယ်ဘက်ခြေထောက်မှ ခြေကျင်းဝတ်စုတ်ပြဲဒဏ်ရာကြောင့် သောကြာနေ့မှာ ခွဲစိတ်ကုသမှုခံယူရတော့မယ်လို့ အတည်ပြုပါတယ်။ ခွဲစိတ်မှုအပြီးမှာ ဘယ်အချိန် ပြန်ကစားနိုင်မယ်ဆိုတဲ့ ကာလတစ်ခုထွက်ပေါ်လာပါမယ်။ ဘစ်ဆူးမားအနေနဲ့ ကွင်းထဲ အမြန်ဆုံးပြန်လာဖို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ဘစ်ဆူးမားဟာ တော့တင်ဟမ်ကို ရောက်လာပြီးနောက် ယခုနှစ်ရာသီ ချန်ပီယံလိဂ်၃ပွဲအပါအဝင် ပွဲစဉ်၂၅ပွဲ ပါဝင်ကစားထားပါတယ်။ တော့တင်ဟမ်အသင်းဟာ စနေည လက်စတာနဲ့ပွဲစဉ်မှာ ဘစ်ဆူးမားမပါဝင်ဘဲ ကစားသွားရမှာ ဖြစ်ပါတယ်။

#တော့တင်ဟမ် #ဘစ်ဆူးမား #ပရီးမီးယားလိဂ်