ရှေ့သို့
Image

အန်ဆုဖာတီရဲ့ အနာဂတ် ဘယ်လိုဖြစ်မလဲဆိုတာကို ခန့်မှန်းလိုက်တဲ့ ရိုမာနို

3:44 PM, 8 February

ဘာစီလိုနာမှာ ရှိနေတဲ့ နာမည်ကျော်တိုက်စစ် ကစားသမား ၅ ယောက်မှာ ဒီရာသီ တကယ်တမ်းခြေစွမ်းပြနေတဲ့ ကစားသမားဆိုလို့ ၂ ယောက်သာ ရှိပါတယ်။ အဲ့ဒါကြောင့် နည်းပြဇာဗီဟာနန်ဒက်ဇ်အနေနဲ့ ပုံမှန်တိုက်စစ် ၃ ယောက် ကစားကွက်ထက် ကွင်းလယ် ၄ ယောက်နဲ့ ကစားကွက်ကိုသာ ပိုသုံးနေရတာ ဖြစ်ပါတယ်။

ရာဖင်ဟာ ဒဏ်ရာက ပြန်ကောင်းလာရင်တောင်မှ အန်ဆုဖာတီနဲ့ ဖာရန်တောရက်စ်တို့ရဲ့နောက်မှာသာ ပါဝင်လာဖို့ရှိနေပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေက ဘာကာအတွက် တန်ဖိုးကြီး ကစားသမားတွေဖြစ်ပြီး ကြီးမားတဲ့ စာချုပ်တွေချုပ်ဆိုထားကြပေမယ့် ကာလရှည်ဒဏ်ရာတွေနဲ့သာ လုံးပန်းနေကြရပါတယ်။ ဖာတီကိုယ်တိုင်လည်း လက်ရှိသူ့ရဲ့ အခြေအနေကို မပျော်မရွှင်ဖြစ်နေပြီး ဒီရာသီမှာ ၉ ပွဲ ပွဲထွက်လူစာရင်းထဲပါခွင့်ရပြီး ၂ ပွဲသာ ပွဲချိန်ပြည့် ကစားခွင့်ရထားပါသေးတယ်။ Caught Offside က ဖာတီအနေနဲ့ နွေရာသီမှာ အသင်းပြောင်းနိုင်မလားဆိုတာ ဖာဘရီဇီယိုရိုမာနိုကို မေးမြန်းခဲ့ပါတယ်။

ရိုမာနိုက “ဘာစီလိုနာက အန်ဆုဖာတီကို လက်ရှိရော အနာဂတ်အတွက်ပါ ယုံကြည်တယ်လို့ ပြောထားတယ်။ ဒါပေမယ့် နွေရာသီမှာ စောင့်ကြည့်ရမယ့် အချက်တစ်ခုက ဘာကာရဲ့ ငွေကြေးရှာဖွေမှုရယ်၊ လစာကိစ္စတွေရယ်ပဲ။ အငှားခေါ်တာတွေက တကယ်တော့ ဘာအဓိပ္ပာယ်မှမရှိဘူး အပြီးသတ်ခေါ်ယူမှသာ အဖြေအစစ် ထွက်နိုင်ပါတယ်။ ဒါပေမယ့် အခုတော့ အန်ဆုဖာတီ ဘယ်လိုဖြစ်မယ်၊ ဘယ်ကိုသွားမယ်ဆိုတာက ပြောဖို့ စောပါသေးတယ်”လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ယူရိုသန်း ၂၀၀ လောက် ချွေတာနိုင်ဖို့ ပြောင်းရွှေ့ကြေးတွေ၊ စပွန်စာကြေးတွေနဲ့ လစာနှုန်းထားတွေကို လာမယ့်နွေရာသီမှာ အတိုးအလျှော့လုပ်ပြီး ညှိနှိုင်းသွားဖို့ ရှိနေပါတယ်။ အဲ့ဒီလိုမှမလုပ်ရင် သူတို့ရဲ့ငွေကြေး သုံးစွဲမှုဟာ အသင်းဝင်ငွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကိုသာ သုံးစွဲနိုင်မှာပါ။

#လာလီဂါ #ဘာစီလိုနာ #ရိုမာနို #ဖာတီ