ရှေ့သို့
Image

ကက်စ်မဲရိုး၊ တိုမီနေးတို့ မပါဝင်နိုင်ချိန် မိုင်နိုက ယူနိုက်တက် ကွင်းလယ်အတွက် အဖြေဖြစ်လာမလား..

2:53 PM, 8 February

အဲရစ်တန်ဟတ်ကတော့ ကိုဘီမိုင်နိုကို ယူနိုက်တက်ကွင်းလယ်မှာ အသုံးပြုသွားဖို့ တွန့်ဆုတ်နေမယ့်သူမျိုး မဟုတ်ပါဘူး။

ကက်စ်မဲရိုး ပွဲပယ်ခံထားရသလို အဲရစ်ဆင်၊ ဘန်ဒီဘိခ်၊ တိုမီနေးတို့ ဒဏ်ရာ ရနေချိန် ယူနိုက်တက်ကွင်းလယ်မှာ တန်ဟတ်အတွက် အားကိုစရာအဖြစ် ဆာဘစ်ဇာနဲ့ ဖရက်တို့သာ ရှိနေပါတယ်။ ဒါပေမယ့် စတော့ပို့ခ်လူငယ်ကစားသမားဟောင်း မိုင်နိုကလည်း တန်ဟတ် အားကိုးလို့ရနိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် လျင်မြန်စွာ ပေါ်ထွက်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့လ ချာလ်တန်နဲ့ ကာရာဘောင်ဖလားကွာတားဖိုင်နယ်မှာ စတင်ပွဲထွက်ခဲ့တဲ့ ၁၇နှစ်သားလေးဟာ အရင်ကတည်းက ပွဲထွက်ခွင့်မရခဲ့တာ ကံဆိုးလို့ပဲ ဖြစ်ပါတယ်။ ယခု ချာလ်တန်နဲ့ပွဲမှာ ပါဝင်ခွင့်ရတော့လည်း မိနစ်၆၀ ဝန်းကျင်မှာ သူအနီးကပ်သင်ယူနေရတဲ့ ကတ်စ်မဲရိုးနဲ့ လူစားလဲခံလိုက်ရပါတယ်။

ယမန်နှစ်ရာသီ လူငယ်အက်ဖ်အေဖလားကို နော်တင်ဟမ်ဖောရက်စ်နဲ့အတူ ဆွတ်ခူးခဲ့တဲ့ မိုင်နိုဟာ အလားအလာကောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဆယ်ကျော်သက်တစ်ဦးပဲ ဖြစ်ပါတယ်။ တန်ဟတ်ကို လေ့ကျင့်ရေးကွင်းမှာ ကျေနပ်စရာခြေစွမ်းတွေ ပေးစွမ်းခဲ့သလို ကမ္ဘာ့ဖလားအတွင်းက အဲဗာတန်နဲ့ ကွင်းပိတ်ခြေစမ်းပွဲကစားရာမှာလည်း အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာကာ ဒီဇင်ဘာလအတွင်းက ကာဒီဇ်နဲ့ ခြေစမ်းပွဲမှာလည်း အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။

လျင်မြန်၊ သန်မာပြီး အကြောက်အရွံ့မရှိပဲ ကစားနိုင်တဲ့ မိုင်နိုဟာ ယူနိုက်တက်ကို အသက်၉နှစ်အရွယ်မှာ မပြောင်းလာခင် ချီယာဒယ်နဲ့ ဂတ်လေအသင်းတွေမှာ လူငယ်ကစားသမားအဖြစ် စားခဲ့ပါတယ်။ မိုင်နိုကို ယူနိုက်တက် အကယ်ဒမီထွက်တစ်ဦးဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့ ခိုင်းနှိုင်းကြပေမယ့် သူ့မှာ ကြံ့ခိုင်မှုပိုင်းအရရော၊ စွမ်းဆောင်ရည်ပိုင်းမှာပါ တိုးတက်လာစရာတွေ အများကြီးကျန်ပါသေးတယ်။

မိုင်နိုတစ်ယောက် ချီးကျူးခံရတဲ့ထဲ တစ်ခုပါဝင်တာကတော့ စီနီယာကစားသမားတွေရဲ့ စကားကို နားထောင်တာပါပဲ။ နောက်ခံလူ မက်ဂွါရီဟာ လူငယ်လေးရဲ့ ခြေစွမ်းတွေကို ဇန်နဝါရီလ ပွဲဦးထွက်ပွဲစဉ်မှာ မြင်ပြီးကတည်းက အလားအလာကောင်းတွေ ရှိနေတယ်ဆိုတာ ကြိုမြင်ခဲ့ပါတယ်။

မိုင်နိုက“ကျွန်တော် အသင်းကြီးနဲ့လေ့ကျင့်ခန်းတစ်ချို့ဆင်းဖူးပါတယ်။ သူတို့က ကျွန်တော့်ကို ကြိုဆိုကြပြီး အားပေးမှုနဲ့ အကြံပေးမှုတွေလည်း လုပ်ပေးပါတယ်။ ဒါက ကျွန်တော် အသင်းကြီးမှာလိုမျိုးပဲ ခံစားရစေပါတယ်” “ကတ်စ်မဲရိုးဆီကနေ အနီးကပ်လေ့လာပြီး သူလေ့ကျင့်တာ ကြည့်နေရတာက ဂုဏ်ယူစရာဖြစ်ပြီး ကျွန်တော့်အတွက် ရူးသွပ်စရာပါ။ ကျွန်တော် လူစာရင်းကို ကြည့်လိုက်ပြီး ပွဲထွက်ခွင့်ရနေချိန်မှာ အရမ်းစိတ်လှုပ်ရှားသွားပေမယ့် အလုပ်ပြီးအောင်တော့ လုပ်ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော် အကောင်းဆုံး ကစားခဲ့ပြီး ဒါကလည်း စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူအီးအက်ဖ်အေ လူငယ်ဖလားပြိုင်ပွဲက ခြေစွမ်းတွေကြောင့် ဥရောပအသင်းကြီးတွေဟာ မိုင်နိုကို စောင့်ကြည့်မှုတွေ ပြုလုပ်လျက် ရှိနေပေမယ့် ယူနိုက်တက်ကတော့ ငယ်မွေးခြံပေါက် ကစားသမား လိုအပ်ချက်အရ မိုင်နိုကို ဆက်ထိန်းသွားဖွယ် ရှိနေပါတယ်။

ဒါကြောင့် သူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ ကက်စ်မဲရိုးမပါဝင်နိုင်ချိန် မိုင်နိုတစ်ယောက် ယူနိုက်တက်ကွင်းလယ်မှာ ပါဝင်လာပြီး ခြေစွမ်းပြသွားနိုင်မလားဆိုတာကတော့ ….

#မန်ချက်စတာယူနိုက်တက် #ကက်စ်မဲရိုး #အဲရစ်တန်ဟက်ချ် #ပရီးမီးယားလိဂ် #မိုင်နို