ရှေ့သို့
Image

ပရီးမီးယားလိဂ်ရဲ့ စွဲချက်တင်မှုထွက်ပေါ်လာခဲ့ပြီးနောက် မန်စီးတီးကို ဝေဖန်သူတွေကို ကွန်ပနီ ပြန်လည်တုံ့ပြန်

11:41 AM, 8 February

မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီက အသင်းဟောင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့စွဲချက်တင်ခံရပြီးနောက် လူတွေလက်ညိုးထိုးသလို အယုံအကြည်မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

၄ နှစ်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဘဏ္ဍာရေးစည်းမျည်း ၁၀၀ ကျော်လောက် ချိုးဖောက်မှုရှိခဲ့တယ်လို့ ထွက်ပေါ်လာခဲ့ပြီးနောက် အင်္ဂလိပ်ဘောလုံးလောကမှာ ပွက်လောရိုက်ခဲ့တာဖြစ်ပါတယ်။ စီးတီးအနေနဲ့ အပြစ်တွေ့ခဲ့မယ်ဆိုရင် အမှတ်လျော့တာအပြင် ဒဏ်ကြေးနဲ့ အဆိုးဆုံး ပရီးမီးယားလိဂ်ကနေပါ ဖယ်ရှားခြင်းခံရမှာဖြစ်ပါတယ်။

“ဒီလိုသတင်းမျိုး ထွက်ပေါ်လာခဲ့လည်း ကျွန်တော်ကတော့ သံသယမရှိပါဘူး။ ဘောလုံးလောကမှာက တခုခုအမှားအယွင်းဖြစ်ပြီဆိုရင် လက်ညိုးဝိုင်းထိုးကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘောလုံးလောကအကြောင်းသိဖို့က အရမ်းလွယ်ကူပါတယ်။ ကျွန်တော်ဆိုရင် လူတွေပြောသလိုဖြစ်လာရင်တော့ သံသယမရှိတဲ့သူပါ။ မင်းအနေနဲ့ အကောင်းဆုံးကြိုးစားပြီး တစ်ချိန်လုံးတိုးတက်နေအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အနည်းငယ်တော့ ယုံကြည်မှုကင်းမဲ့တတ်ပါတယ်”လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။

စီးတီးကတော့ လက်ရှိဖြစ်နေတဲ့အနေအထားကို ပြန်လည်စစ်ဆေးဖို့အတွက် ကြိုဆိုတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

#မန်စီးတီး #ကွန်ပနီ #ပရီးမီးယားလိဂ်