ရှေ့သို့
Image

လျှို့ဝှက်ငွေပေးချေမှုနဲ့ ပတ်သက်ပြီး တုံ့ပြန်လိုက်တဲ့ ယာယာတိုရေးရဲ့အေးဂျင့်

11:14 AM, 8 February

မန်စီးတီးကွင်းလယ်လူဟောင်း ယာယာတိုရေးရဲ့အေးဂျင့် ဒီမီထရီဆီလက်ခ်က မန်စီးတီးထံကနေ လျှို့ဝှက်ငွေကြေး လက်ခံရရှိခဲ့တယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုလိုက်ပါတယ်။

၄ နှစ်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ပရီးမီးယားလိဂ်က မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးစည်းမျည်းချိုးဖောက်မှု ၁၀၀ ကျော်လောက်ရှိခဲ့တယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ စီးတီးရဲ့ပြစ်ဒဏ်ကို လွတ်လပ်သောကော်မရှင်က စစ်ဆေးမှာဖြစ်ပြီး တိုရေးရဲ့အေးဂျင့် ဆီလက်ခ်က သူတို့ဟာ အဆိုပါအခြေအနေထဲမှာ မပါဝင်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ဆီလက်ခ်က သတင်းဌာနကို ပြောကြားရာမှာ “နိုး။ အရာအားလုံးက ရှင်းရှင်းလင်းလင်းပါပဲ။ နောက်ကွယ်မှာ ဘာအကြောင်းမှ မရှိပါဘူး။ ဒီသတင်းထွက်လာခဲ့တဲ့အတွက် ကျွန်တော် အံ့သြမိပါတယ်။ ယာယာအနေနဲ့ အရာအားလုံးကို အခွန်အခတွေပါ အပါအဝင် အကုန်ပေးထားပြီးသားပါ။ မှန်ပါတယ်။ တကယ်လို့ စစ်ဆေးလာရင်လည်း ကျွန်တော် သူတို့ိကို ဒီအတိုင်းပဲပြောမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ယာယာတိုရေးဟာ စီးတီးအတွက် ၃၁၆ ပွဲ အထိ ပါဝင်ကစားပေးထားခဲ့ပြီး ပရီးမီးယားလိဂ် ၃ ကြိမ်၊ အက်ဖ်အေနဲ့ လိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ကာ လက်ရှိတော့တင်ဟမ်အကယ်ဒမီနည်းပြအဖြစ် လုပ်ဆောင်နေပါတယ်။

#မန်စီးတီး #ယာယာ တိုရေး #ပရီးမီးယားလိဂ်