ရှေ့သို့
Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်တဲ့ ဘန်ဇီးမား

1:45 PM, 7 February

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပြင်သစ်အသင်းနဲ့အတူ ပါဝင်ကစားခွင့် မရထားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှုး ဘန်ဇီးမားအနေဖြင့် ဘာနေဗျူးကလပ်အသင်းနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ကစားရမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ်ပွဲစဉ်ကိုပါ ဒဏ်ရာကြောင့်လွဲချော်သွားမှာဖြစ်တဲ့ အကြောင်း ရီးရဲလ်မက်ဒရစ်အသင်းဘက်က အတည်ပြု ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

လာလီဂါပြိုင်ပွဲအတွင်းမှာ ရလဒ်ပိုင်းအားနည်းနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက လာမယ့် တနင်္လာနေ့မှာ အီဂျစ်ကလပ် အယ်လ်အလီအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်အတွက် ကစားသမားစာရင်းထုတ်ပြန်ခဲ့ရာမှာ ခြေထောက်ဒဏ်ရာ ရတာကြောင့် ပြီးခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်တွင်း မိနစ် ၆၀မပြည့်ခင်မှာ လူစားလဲလှယ်ခံခဲ့ရတဲ့ အဓိကတိုက်စစ်ကစားသမား ကာရင်ဘန်ဇီးမား မပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဘာနေဗျူးကလပ်ရဲ့ ထုတ်ပြန်ချက်အရ အခြားစီနီယာကစားသမားကြီးတွေဖြစ်တဲ့ ကော်တိုရစ်၊ မီလီတာအို၊ လူးကပ်ဗက်စ်ကွက်ဇ်၊ မန်ဒီတို့ လည်း ပါဝင်ခြင်းမရှိတာဖြစ်ပြီး ကာရင်ဘန်ဇီးမား၊ ကောတိုရစ်၊ မီလီတာအိုတို့ သုံးဦးအနေဖြင့် အကယ်၍ ရီးရဲလ်မက်ဒရစ်အသင်းသာ ဗိုလ်လုပွဲစဉ်တက်ရောက်ခွင့် ရခဲ့ပါက ဗိုလ်လုပွဲစဉ်အမီ ပြန်လည် ပါဝင်ကစားလာနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။

လာလီဂါအမှတ်ပေးပြိုင်ပွဲအတွင်းမှာ ချန်ပီယံဖြစ်ရေးအတွက် အခြအနေမကောင်းတဲ့ နည်းပြ အန်ဆယ်လော့တီရဲ့ ရီရဲလ်မက်ဒရစ်အသင်းအနေဖြင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ယခုနှစ်ဘောလုံးရာသီအတွင်း အနီးစပ်ဆုံး ရယူနိုင်တဲ့ ဆုဖလားတစ်ခုအဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲတိုင်းအတွက် အကောင်းဆုံး တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ အကြောင်းနဲ့ ပက်သက်လို့ နည်းပြ အန်ဆယ်လော့တီ က

“ကျွန်တော်တို့ ပြိုင်ပွဲတိုင်းကို အာရုံစိုက်လုပ်ဆောင်နေပါတယ်။ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲရောက်ရှိထားသလို ဥရောချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၆သင်းအဆင့် ရောက်နေပါတယ်။ အခု ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အကြိုဗိုလ်လုပွဲကို ရောက်နေပါပြီ” လို့

ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ 


#ရီးရဲလ်မက်ဒရစ် #ဘန်ဇီးမား #ဖီဖာကလပ်ကမ္ဘာ့ဖလား