ရှေ့သို့
Image

ကွင်းလယ်မှာ အားကိုးအားထားပြုနေရတဲ့ ဂယ်လက်ဟာကို စာချူပ်သက်တမ်းတိုးမြှင့်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ချဲလ်ဆီး

4:35 PM, 6 February

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ရလဒ်ကောင်းရရန် ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်းက ယခုနှစ်ဘောလုံးရာသီတွင် ဝါရင့်ကွင်းလယ်ကစားသမားအချို့ ပါဝင်ကစားပေးနိုင်ခြင်း မရှိချိန်မှာ အဓိကပါဝင်ကစားပေးနေတဲ့ အကယ်ဒမီထွက်ကစားသမား ဂယ်လက်ဟာကို စာချူပ်သက်တမ်းကုန်မယ့် ၂၀၂၅ခုနှစ်အထိ အချိန်ယူမစောင့်ဆိုင်းဘဲ စာချူပ်သစ်ချူပ်ဆိုသွားရန် ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးလ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ တော့ဒ်ဘိုလီအနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာနိုင်ခြေရှိကြောင်း သတင်းတွေထွက်ပေါ်နေခဲ့တဲ့ ဂယ်လက်ဟာကို နည်းပြ ပေါ့တာရဲ့ လက်အောက်တွင် ဆက်ထိန်းထားလိုနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ဂယ်လက်ဟာကို ချူပ်ဆိုထားတဲ့ စာချူပ်သက်တမ်းဟာ ၂၀၂၅ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမဲ့ တော့ဒ်ဘိုလီအနေဖြင့် ဂယ်လက်ဂါကို မြောက်မြားစွာသော လုပ်ခနှုန်းထားနဲ့အတူ စာချူပ်သက်တမ်းတိုးနိုင်ရန် ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ဘင်ဖီကာအသင်းမှ ခေါ်ယူထားခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်အတွက် ချဲလ်ဆီးအသင်းက ငွေကြေးအလုံးအရင်းသုံးထားခဲ့တာမှန်ပေမဲ့ ကွင်းလယ်ပိုင်းမှာ ဂယ်လက်ဂါရဲ့ အခန်းကဏ္ဍကလည်း အရေးပါနေတာဖြစ်ပြီး ဂယ်လက်ဟာက ချဲလ်ဆီးအသင်းနဲ့အတူ ၂၇ပွဲအတွင်း မိနစ် ၁၁၀၀အထိ ပါဝင်ကစားကာ အငှားထွက်ကစားခဲ့ဖူးတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုး ရှာဖွေပေးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းနဲ့ အဲဗာတန်အသင်းတို့က ဂယ်လက်ဟာကို ခေါ်ယူရန် ပြီးခဲ့တဲ့ ရသတ္တပတ်မှာ ချိတ်ဆက်မှု အချို့ပြုလုပ်ခဲ့ကြပေမဲ့ ကစားသမားကိုယ်တိုင်က ချဲလ်ဆီးအသင်းနဲ့အတူ စာချူပ်သက်တမ်းတိုးကာ လန်ဒန်ကလပ်မှာ ဆက်နေသွားရန် ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။ 

#ချဲလ်ဆီး #ဂယ်လာဟာ #ပရီးမီးယားလိဂ်