ရှေ့သို့
Image

ရိုးမားစတား ဇာနီအိုလိုကို ခေါ်ယူချင်နေတဲ့ ဖီနာဘာချီ နဲ့ ဂါလာတာစာရေး

1:45 PM, 6 February

သတင်းတွေအရ ဂါလာတာစာရေးအသင်း နဲ့ ဖီနာဘာချီအသင်းတို့ဟာ ဇာနီအိုလိုအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေထွက်ခွာဖို့ ဖိအားပေးခဲ့တာကြောင့် ရာသီကုန်အထိ အသင်းကနေ ဖယ်ရှားခံထားရတာဖြစ်ပါတယ်။

တူရကီကလပ်အသင်း ၂ သင်းဟာ မော်ရင်ဟိုရဲ့ရိုးမားအသင်းနဲ့ ဆွေးနွေးနေပြီး တနလာၤနေ့မှာ တခုခုအဆင်ပြေလိမ့်မယ်လို့ အီတလီသတင်းတွေက ဆိုပါတယ်။

ရိုးမားအသင်းကတော့ ပြီးခဲ့တဲ့လတုန်းက အီတလီသားနဲ့ပတ်သက်ပြီး ကနဦးအငှား ရာသီအကုန်မှာ ပေါင် ၃၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ကမ်းလှမ်းရင် လက်ခံဖို့ ဆုံးဖြတ်ထားခဲ့တာဖြစ်ကာ တော့တင်ဟမ် နဲ့ ဝက်စ်ဟမ်းတို့က အလိုရှိခဲ့တာဖြစ်ပါတယ်။

ဇာနီအိုလိုကို ရောင်းချဖြစ်ခဲ့ရင် အသင်းဟောင်း အင်တာမီလန်ကိုလည်း ရောင်းရငွေရဲ့ ၁၅% ပြန်ပေးရမှာဖြစ်ပါတယ်။

အသက် ၂၃ နှစ်သားဟာ မော်ရင်ဟိုရဲ့အသင်းကနေ မထုတ်ခံရခင် ၁၇ ပွဲမှာ ၂ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းက ရိုးမားအသင်းကို ၂ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ မော်ရင်ဟိုက “ကစားသမားက တစ်လလောက်အလိုကတည်းက ထွက်ခွာချင်ကြောင်း ပြောထားပါတယ်။ စပီဇီယာနဲ့ပွဲအပြီးမှာ ကျွန်တော်သူတို့ကို  ၁ ရက်နားရက်ပေးခဲ့ပါတယ်။ 

ကျန်တဲ့သူတွေက အားလုံးအဆင်ပြေခဲ့ပြီး သူတစ်ယောက်တည်းမပြေခဲ့တာပါ။ ရိုးမားအကျီကို မဝတ်ချင်တဲ့ဘယ်သူမဆို အသင်းမှာဆက်မထားနိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီသားပြောကြားပြီးကတည်းက ဇာနီအိုလိုတစ်ယောက် အသင်းလူစာရင်းမှာ မပါဝင်တော့သလို လက်ကျန်ရာသီကိုလည်း ဆက်ကစားခွင့်မရဖွယ်ရှိနေပါတ်ယ်။

ရိုးမားအသင်းဟာ စနေနေ့က အမ်ပိုလီကိုအနိုင်ရရှိပြီးနောက် ဒုတိယနေရာက အင်တာနဲ့အမှတ်တူအနေအထားရောက်လာခဲ့ပါတယ်။

#ရိုးမား #ဂါလာတာစာရေး #ဇာနီအိုလို #ဖီနာဘာချီ