ရှေ့သို့
Image

ကမ္ဘာ့ဖလားဗိုလ်လုပွဲရလဒ်က တစ်ဘဝလုံးစာအမှတ်ရနေစေမယ့် အကြောင်း ဆိုလိုက်တဲ့ ပြင်သစ်စတား မူအာနီ

6:16 PM, 4 February

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနဲ့ ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် တောင်အမေရိကကိုယ်စားပြု အာဂျင်တီးနားအသင်းက လက်ရှိချန်ပီယံ ပြင်သစ်အသင်းကို ပင်နယ်တီမှာ အနိုင်ရကာ ၂၀၂၂ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာ ကြောင့် အဆိုပါပွဲစဉ်တွင် ပွဲပြီးခါနီး ရလာခဲ့တဲ့ အခွင့်အရေးကို အသုံးမချလိုက်နိုင်တဲ့ အပေါ် ယခုအချိန်ကလာအထိကို မေ့ပျောက်လို့ မရနိုင်ဘဲ ဘဝတစ်ခုလုံးမှာ စွဲထင်နေမယ့်အကြောင်းကို ပြင်သစ်ကွင်းလယ်ကစားသမား ကိုလိုမူအာနီ က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းက ပြင်သစ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွင် သာမန်ပွဲကစားချိန်အတွင်းမှာ ၃ဂိုး - ၃ဂိုး သရေဖြစ်နေခဲ့တာကြောင့် ပင်နယ်တီကန်သွင်းခဲ့ရာမှာ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ရဲ့ လက်စွမ်းပြမှုနဲ့အတူ အာဂျင်တီးနားအသင်းက ချန်ပီယံဖြစ်ခွင့်ရခဲ့ပြီး ဖရန့်ဖတ်တိုက်စစ်ကစားသမား အနေဖြင့် ပွဲကစားချိန်ပြီးခါနီးတွင် အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်နဲ့ တစ်ဦးချင်း အနေအထားမှာ အသုံးမချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဗိုင်လုပွဲစဉ်တွင် အပိုင်အခွင့်အရေးကို အသုံးမချလိုက်နိုင်တဲ့အပေါ် ကိုလိုမူအာနီ က

“ဘောလုံး ဆွဲပြေးလာရင်း ကျွန်တော့ခေါင်းထဲမှာ တွေးနေမိတာက ‘ကိုယ့်လူရေ ဒီဘောလုံးကို သေချာလေး ကန်သွင်းလိုက်စမ်းပါကွာ’ ဆိုးပြီးတော့ပါ။ တကယ်လည်း ဂိုးတိုင်ဘေးကို ကပ်ပြီး ကန်သွင်းခဲ့ပေမဲ့ ဂိုးသမားက အကောင်းဆုံး ကာကွယ်မှု ပြုလုပ်သွားခဲ့ပါတယ်။ တကယ်တမ်းဆို အခြားတစ်ဖက်ကို ကန်ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သင့်တာပါ”

“ကျွန်တော်မညာတမ်းပြောရရင် ဒီအနအထားက တစ်ဘဝလုံးအတွက် မေ့ပျောက်ဖို့ ခက်နေစေမှာပါ” လို့ 

ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ 





#ပြင်သစ် #၂၀၂၂ကမ္ဘာ့ဖလား မူအာနီ