ရှေ့သို့
Image

ယနေ့ည ၉း၃၀မှာ ကစားမယ့် ဝုဗ် - လီဗာပူး ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

11:00 AM, 4 February

ဝုဗ် ဒဏ်ရာရလူစာရင်း - ချီကွင်ဟို၊ နီတို၊ ခါလာဂျစ်၊ ထရာအိုရေး(သေချာပေါက်လွဲ)

လီဗာပူး ဒဏ်ရာရလူစာရင်း - အာသာ၊ ဒီယက်ဇ်၊ ဂျိုတာ၊ ဗန်ဒိုက်၊ ကိုနာတေး(သေချာပေါက်လွဲ)၊ ဖာမီနို(မသေချာ)


အိမ်ရှင် ဝုဗ်အသင်း အခြေအနေ

=====================

ဝုဗ်ဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲတုန်းကလည်း လီဗာပူးကို ရှုံးပြီး ထွက်ခဲ့ရသလို ယနေ့ညမှာလည်း လီဗာပူးနဲ့ပဲ ပြန်လာတွေ့နေတာကြောင့် ရှုံးကြွေးဆပ်ဖို့ ကြိုးစားလာမှာ သေချာပါတယ်။


ဧည့်သည် လီဗာပူးအသင်း အခြေအနေ

=====================

လီဗာပူးကတော့ အခြေအနေဆိုးရွားနေဆဲဖြစ်ပြီး ပိုဆိုးသွားတာက အဓိက ခံစစ်မှူးတွေ ဒဏ်ရာရရှိနေခြင်းဖြစ်ကာ ရလဒ်ပိုင်းတွေကိုပါ ထိခိုက်လာခဲ့ပါတယ်။ ဇန်နဝါရီမှာ ဂတ်ပိုကလွဲရင် ကစားသမားသစ် မဖြည့်တာကလည်း လီဗာပူးအတွက် ကြီးမားတဲ့အားနည်းချက် ဖြစ်လာနိုင်ပါတယ်။


ထူးခြားချက်များ

============

လီဗာပူးအသင်းဟာ ဝုဗ်ကို ပြိုင်ပွဲစုံ နောက်ဆုံး ၉ပွဲမှာ ၈ပွဲနိုင်ထားပါတယ်။

 

ခန့်မှန်းချက် 

==========

ဝုဗ်က မန်စီးတီးနဲ့ပွဲမှာ ဘာမှသိပ်လုပ်ပြနိုင်ခြင်းမရှိဘဲ ရှုံးခဲ့တာဖြစ်ပြီး တိုက်စစ်ပိုင်းကလည်း တိုးတက်ခြင်းမရှိသေးပါဘူး။ လီဗာပူးကတော့ ကလော့ပ်ရဲ့ ရှိတာလေးနဲ့တည်ဆောက်ထားရတဲ့အသင်းအဖြစ် ပြောင်းလဲသွားသလို တိုက်စစ်ကလည်း ကစားသမားသစ် ဂတ်ပိုနဲ့ အခြားကစားသမားတွေကြား အချိတ်အဆက်တွေ လွဲနေတဲ့ အခြေအနေမှာ ပြဿနာတွေများနေတယ်လို့ပဲ ပြောရမှာပါ။ လီဗာပူးရဲ့ အကျောပေးမှုက ပျော့နေတဲ့ အခြေအနေမှာ ဝုဗ်တို့ အိမ်ကွင်းမှာ သရေလောက်တော့ရသွားဖို့များပါတယ်။

.

ဝုဗ် - လီဗာပူး ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

--------------------------------------------------------------------

ဝုဗ် ၀ - ၁ လီဗာပူး (၁၈-ဇန်နဝါရီ-၂၀၂၃)

လီဗာပူး ၂ - ၂ ဝုဗ် (၈-ဇန်နဝါရီ-၂၀၂၃)

လီဗာပူး ၃ - ၁ ဝုဗ် (၂၂-မေ-၂၀၂၂)

ဝုဗ် ၀ - ၁ လီဗာပူး (၄-ဒီဇင်ဘာ-၂၀၂၁)

ဝုဗ် ၀ - ၁ လီဗာပူး (၁၆-မတ်-၂၀၂၁)

.

ဝုဗ် နောက်ဆုံး (၅) ပွဲရလဒ်

------------------------------

မန်စီးတီး ၃ - ၀ ဝုဗ် (၂၂-ဇန်နဝါရီ-၂၀၂၂၃)

ဝုဗ် ၀ - ၁ လီဗာပူး (၁၈-ဇန်နဝါရီ-၂၀၂၃)

ုဝုဗ် ၁ - ၀ ဝက်စ်ဟမ်း (၁၄-ဇန်နဝါရီ-၂၀၂၃)

နော်တင်ဟမ်ဖောရက်စ် ၁ - ၁ ဝုဗ် (၁၂-ဇန်နဝါရီ-၂၀၂၃)

လီဗာပူး ၂ - ၂ ဝုဗ် (၈-ဇန်နဝါရီ-၂၀၂၃)

.

လီဗာပူး နောက်ဆုံး (၅) ပွဲရလဒ်

---------------------------------

ဘရိုက်တန် ၂ - ၁ လီဗာပူး (၂၉-ဇန်နဝါရီ-၂၀၂၃)

လီဗာပူး ၀ - ၀ ချဲလ်ဆီး (၂၁-ဇန်နဝါရီ-၂၀၂၃)

ဝုဗ် ၀ - ၁ လီဗာပူး (၁၈-ဇန်နဝါရီ-၂၀၂၃)

ဘရိုက်တန် ၃ - ၀ လီဗာပူး (၁၄-ဇန်နဝါရီ-၂၀၂၃)

လီဗာပူး ၂ - ၂ ဝုဗ် (၈-ဇန်နဝါရီ-၂၀၂၃)


#ပွဲကြိုသုံးသပ်ချက် #လီဗာပူး #ဝုဗ် #ပရီးမီးယားလိဂ်