ရှေ့သို့
Image

ယနေ့ည ၉း၃၀မှာ ကစားမယ့် ယူနိုက်တက် - ခရစ္စတယ်ပဲလေ့စ် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

9:40 AM, 4 February

ယူနိုက်တက် ဒဏ်ရာရလူစာရင်း - ဗန်ဒီဘိခ်၊ အဲရစ်ဆင်(သေချာပေါက်လွဲ)၊ ဒါလော့(မသေချာ)

ခရစ္စတယ်ပဲလေ့စ် ဒဏ်ရာရလူစာရင်း - မက်အသာသာ၊ ဖာဂူဆန်၊ အန်ဒါဆန်၊ ဇာဟာ(သေချာပေါက်လွဲ)


အိမ်ရှင် ယူနိုက်တက်အသင်း အခြေအနေ

=====================

ယူနိုက်တက်ရဲ့ ခြေစွမ်းက တော်တော်လေး အားရစရာကောင်းသလို အိမ်ကွင်းအား တကယ်ကောင်းတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ အလားတူ ကာလရှည်ပျောက်နေတဲ့ ဆန်ချို၊ မာရှယ်တို့အပြင် မကြာခင် ဂရင်းဝုဒ်လည်း ပြန်လာတော့မှာဖြစ်တာကြောင့် ပရိသတ်တွေအတွက် အချိုပေါ်သကာရည်လောင်းလိုက်သလိုပါပဲ။


ဧည့်သည် ခရစ္စတယ်ပဲလေ့စ်အသင်း အခြေအနေ

=====================

ပဲလေ့စ်က ခြေစွမ်းအကောင်းကြီးမဟုတ်ပေမယ့် အသင်းကြီးတွေကို တောက်လျှောက်ဒုက္ခပေးလာတဲ့အသင်းဖြစ်တယ်ဆိုတာကို ယခုနှစ်ရာသီမှာ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဓိက အားနည်းချက်က တိုက်စစ်ပိုင်းဖြစ်နေတဲ့ အခြေအနေမှာ သရေပွဲတွေက ပိုများနေပါတယ်။ 


ထူးခြားချက်များ

============

ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၇ပွဲမှာ ၅ပွဲ ဂိုးပေါက်ပျောက်ခဲ့ပါတယ်။

 

ခန့်မှန်းချက် 

==========

ယူနိုက်တက်က ပထမအကျော့က ရင်ခံအောင်လုပ်ခဲ့တဲ့ ပဲလေ့စ်ကို လက်စားချေဖို့ ကြိုးစားလာမှာ သေချာပါတယ်။ ပဲလေ့စ်ကလည်း အစဉ်အလာအရ ယူနိုက်ကတ်ကိုသာတဲ့ အခြေအနေမှာ ယနေ့ညမှာလည်း ရလဒ်ကောင်းဖို့ ကြိုးစားမှာပဲ ဖြစ်ပါတယ်။ ပဲလေ့စ်က အဝေးကွင်းမှာ ပိတ်ကန်လာမယ့် အခြေအနေမှာ ပွဲပန်းနေတဲ့ ယူနိုက်တက်ကလည်း ဂိုးအများကြီးမသွင်းနိုင်လောက်လို့ ပထမအကျော့တုန်းကလိုပဲ ဂိုးအောက်သွားဖို့များပါတယ်။

.

ယူနိုက်တက် - ပဲလေ့စ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

--------------------------------------------------------------------

ပဲလေ့စ် ၁ - ၁ ယူနိုက်တက် (၁၉-ဇန်နဝါရီ-၂၀၂၃)

ယူနိုက်တက် ၃ - ၁ ပဲလေ့စ် (၁၉-ဇူလိုင်-၂၀၂၂)

ပဲလေ့စ် ၁ - ၀ ယူနိုက်တက် (၂၂-မေ-၂၀၂၂)

ယူနိုက်တက် ၁ - ၀ ပဲလေ့စ် (၅-ဒီဇင်ဘာ-၂၀၂၁)

ပဲလေ့စ် ၀ - ၀ ယူနိုက်တက် (၄-မတ်-၂၀၂၁)

.

ယူနိုက်တက် နောက်ဆုံး (၅) ပွဲရလဒ်

---------------------------------

ယူနိုက်တက် ၂ - ၀ နော်တင်ဟမ်ဖောရက်စ် (၂-ဖေဖော်ဝါရီ-၂၀၂၃)

ယူနိုက်တက် ၃ - ၁ ရီဒင်း (၂၉-ဇန်နဝါရီ-၂၀၂၃)

နော်တင်ဟမ်ဖောရက်စ် ၀ - ၃ ယူနိုက်တက် (၂၆-ဇန်နဝါရီ-၂၀၂၃)

အာဆင်နယ် ၃ - ၂ ယူနိုက်တက် (၂၂-ဇန်နဝါရီ-၂၀၂၃)

ပဲလေ့စ် ၁ - ၁ ယူနိုက်တက် (၁၉-ဇန်နဝါရီ-၂၀၂၃)

.

ပဲလေ့စ် နောက်ဆုံး (၅) ပွဲရလဒ်

-----------------------------

ပဲလေ့စ် ၀ - ၀ နယူးကာဆယ် (၂၂-ဇန်နဝါရီ-၂၀၂၃)

ပဲလေ့စ် ၁ - ၁ ယူနိုက်တက် (၁၉-ဇန်နဝါရီ-၂၀၂၃)

ချဲလ်ဆီး ၁ - ၀ ပဲလေ့စ် (၁၅-ဇန်နဝါရီ-၂၀၂၃)

ပဲလေ့စ် ၁ - ၂ ဆောက်သမ်တန် (၇-ဇန်နဝါရီ-၂၀၂၃)

ပဲလေ့စ် ၀ - ၄ တော့တင်ဟမ် (၅-ဇန်နဝါရီ-၂၀၂၃)


#မန်ချက်စတာယူနိုက်တက် #ပွဲကြိုသုံးသပ်ချက် #ခရစ္စတယ်ပဲလေ့စ် #ပရီးမီးယားလိဂ်