ရှေ့သို့
Image

ယနေ့ည ၉း၃၀မှာ ကစားမယ့် ဘရိုက်တန် - ဘုန်းမောက် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

9:30 AM, 4 February

ဘရိုက်တန် ဒဏ်ရာရလူစာရင်း - မိုဒါ၊ ကိုဝဲလ်၊ မွီပူ(သေချာပေါက်လွဲ)၊ မက်အယ်လစ္စတာ(ပွဲပယ်)၊ ဖာဂူဆန်၊ ဘူနော့တီ(မသေချာ)

ဘုန်းမောက် ဒဏ်ရာရလူစာရင်း - ဘရွတ်ခ်၊ စတာနီစလက်စ်၊ ဖရိုင်းဒရစ်၊ တာဗာနီယာ၊ ဆိုလန်ကီ၊ ကွတ်ခ်(သေချာပေါက်လွဲ)၊ ဘေးလင်း(မသေချာ)


အိမ်ရှင် ဘရိုက်တန်အသင်း အခြေအနေ

=====================

ဘရိုက်တန်က ဇန်နဝါရီအပြောင်းအရွှေ့မှာ အဓိက ကစားသမားတွေ့ို ထိန်းထားနိုင်ခဲ့သလို အက်ဖ်အေဖလားတုန်းကလည်း လီဗာပူးကို နောက်ဆုံးမိနစ်ဂိုးနဲ့ အနိုင်ယူခဲ့လို့ စိတ်အားတက်ကြွနေနိုင်ပါတယ်။


ဧည့်သည် ဘုန်းမောက်အသင်း အခြေအနေ

=====================

ဘုန်းမောက်ကတော့ ခြေစွမ်းဆိုးရွားနေပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အင်အားဖြည့်တင်းမှု ကြီးကြီးမားမားပြုလုပ်ထားတာကြောင့် ဒုတိယရာသီဝက်မှာ ဆောက်သမ်တန်နဲ့အတူ စောင့်ကြည့်ရမယ့်အသင်းထဲ ပါဝင်နေပါတယ်။


ထူးခြားချက်များ

============

ဘရိုက်တန်အသင်းဟာ လိဂ် နောက်ဆုံး ၅ပွဲမှာ ၃ပွဲ နိုင်ထားပါတယ်။

 

ခန့်မှန်းချက် 

==========

ဘရိုက်တန်က အကောင်းဆုံးပုံစံရနေသလို အဓိက ကစားသမားတွေကိုလည်း ဆက်ထိန်းထားနိုင်တာကြောင့် ဒုတိယရာသီဝက်မှာလည်း ခြေစွမ်းမကျဘဲ အကောင်းဆုံးကစားနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဘုန်းမောက်ကတော့ ရလဒ်ပိုင်းရော၊ ခံစစ်ပိုင်းပါ အတော်လေးဆိုးရွားနေတဲ့ အသင်းဖြစ်သလို အဝေးကွင်းလည်း ညံ့တာကြောင့် ယနေ့ည ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။ ဘုန်းမောက်ရဲ့ ခြေစွမ်းဆိုးရွားနေမှုကြောင့် အကျောပေးမှုပြင်းနေတဲ့ ဘရိုက်တန်ပဲ ဂိုးပြတ်နိုင်ဖို့များပါတယ်။

.

ဘရိုက်တန် - ဘုန်းမောက် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

--------------------------------------------------------------------

ဘုန်းမောက် ၃ - ၁ ဘရိုက်တန် (၂၂-ဇန်နဝါရီ-၂၀၂၀)

ဘရိုက်တန် ၂ - ၀ ဘုန်းမောက် (၂၈-ဒီဇင်ဘာ-၂၀၁၉)

ဘရိုက်တန် ၀ - ၅ ဘုန်းမောက် (၁၃-ဧပြီ-၂၀၁၉)

ဘုန်းမောက် ၁ - ၃ ဘရိုက်တန် (၅-ဇန်နဝါရီ-၂၀၁၉)

ဘုန်းမောက် ၂ - ၀ ဘရိုက်တန် (၂၂-ဒီဇင်ဘာ-၂၀၁၈)

.

ဘရိုက်တန် နောက်ဆုံး (၅) ပွဲရလဒ်

--------------------------------

ဘရိုက်တန် ၂ - ၁ လီဗာပူး (၂၉-ဇန်နဝါရီ-၂၀၂၃)

လက်စတာ ၂ - ၂ ဘရိုက်တန် (၂၁-ဇန်နဝါရီ-၂၀၂၃)

ဘရိုက်တန် ၃ - ၀ လီဗာပူး (၁၄-ဇန်နဝါရီ-၂၀၂၃)

မစ်ဒယ်ဘရော့ချ် ၁ - ၅ ဘရိုက်တန် (၇-ဇန်နဝါရီ-၂၀၂၃)

အဲဗာတန် ၁ - ၄ ဘရိုက်တန် (၄-ဇန်နဝါရီ-၂၀၂၃)

.

ဘုန်းမောက် နောက်ဆုံး (၅) ပွဲရလဒ်

----------------------------------

ဘုန်းမောက် ၁ - ၁ နော်တင်ဟမ်ဖောရက်စ် (၂၁-ဇန်နဝါရီ-၂၀၂၃)

ဘရန့်ဖို့ဒ် ၂ - ၀ ဘုန်းမောက် (၁၅-ဇန်နဝါရီ-၂၀၂၃)

ဘုန်းမောက် ၂ - ၄ ဘန်လေ (၇-ဇန်နဝါရီ-၂၀၂၃)

ယူနိုက်တက် ၃ - ၀ ဘုန်းမောက် (၄-ဇန်နဝါရီ-၂၀၂၃)

ဘုန်းမောက် ၀ - ၂ ပဲလေ့စ် (၃၁-ဒီဇင်ဘာ-၂၀၂၂)


#ပွဲကြိုသုံးသပ်ချက် #ဘရိုက်တန် #ဘုန်းမောက်လ် #ပရီးမီးယားလိဂ်