ရှေ့သို့
Image

ယနေ့ည ၉း၃၀မှာ ကစားမယ့် ဘရန့်ဖို့ဒ် - ဆောက်သမ်တန် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

9:00 AM, 4 February

ဘရန့်ဖို့ဒ် ဒဏ်ရာရလူစာရင်း - အွန်ယေကာ၊ ယန်ဆန်(သေချာပေါက်လွဲ)၊ ဘက်တစ္စတီ(မသေချာ)

ဆောက်သမ်တန် ဒဏ်ရာရလူစာရင်း - လီဗရာမန်တို၊ လာရီယော့စ်၊ ဝေါလ်ကာ-ပီတာစ်(သေချာပေါက်လွဲ)၊ မက္ကာသီ၊ ဒီဂျနီပို(မသေချာ)


အိမ်ရှင် ဘရန့်ဖို့ဒ်အသင်း အခြေအနေ

=====================

ဘရန့်ဖို့ဒ်အသင်းဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းအထူးကောင်းမွန်တဲ့အသင်းဖြစ်ပြီး တစ်ပွဲသာ ရှုံးထားကာ ယနေ့ညမှာလည်း ရလဒ်ကောင်းဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။


ဧည့်သည် ဆောက်သမ်တန်အသင်း အခြေအနေ

=====================

ဆောက်သမ်တန်ကတော့ ရှေ့ပွဲတွေတုန်းက ရလဒ်ဆိုးခဲ့တယ်ဆိုပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အင်အားဖြည့်တင်းမှုက အတော်လေးအားရစရာကောင်းတာကြောင့် စောင့်ကြည့်ရမယ့်အသင်းထဲ ပါဝင်ပါတယ်။


ထူးခြားချက်များ

============

ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး၁၀ပွဲမှာ ၇ပွဲရှုံးထားပါတယ်။

 

ခန့်မှန်းချက် 

==========

ဘရန့်ဖို့ဒ်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၈ပွဲဆက် ရှုံးပွဲမရှိခဲ့သလို ယနေ့ညမှာလည်း ရလဒ်ကောင်းတွေ ထပ်ရဖို့ ကြိုးစားလာမှာပါ။ ဆောက်သမ်တန်ကတော့ ကာရာဘောင်ဖလားကနေ ထွက်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ကို ပြန်လည်အာရုံစိုက်လာဖို့ ရှိနေပါတယ်။ ဆောက်သမ်တန်ရဲ့ အဝေးကွင်းခြေစွမ်းဆိုးရွားမှုကြောင့် အိမ်ကွင်းမာတဲ့ ဘရန့်ဖို့ဒ်ပဲ နိုင်ပွဲရသွားဖို့များပါတယ်။

.

ဘရန့်ဖို့ဒ် - ဆောက်သမ်တန် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

--------------------------------------------------------------------

ဘရန့်ဖို့ဒ် ၃ - ၀ ဆောက်သမ်တန် (၇-မေ-၂၀၂၂)

ဆောက်သမ်တန် ၄ - ၁ ဘရန့်ဖို့ဒ် (၁၂-ဇန်နဝါရီ-၂၀၂၂)

ဆောက်သမ်တန် ၀ - ၂ ဘရန့်ဖို့ဒ် (၁၇-စက်တင်ဘာ-၂၀၂၀)

ဘရန့်ဖို့ဒ် ၀ - ၃ ဆောက်သမ်တန် (၃၀-ဧပြီ-၂၀၁၁)

ဆောက်သမ်တန် ၀ - ၂ ဘရန့်ဖို့ဒ် (၁၁-ဒီဇင်ဘာ-၂၀၁၀)

.

ဘရန့်ဖို့ဒ် နောက်ဆုံး (၅) ပွဲရလဒ်

-----------------------------

လိဒ်စ်  ၀ - ၀ ဘရန့်ဖို့ဒ် (၂၂-ဇန်နဝါရီ-၂၀၂၃)

ဘရန့်ဖို့ဒ် ၂ - ၀ ဘုန်းမောက် (၁၅-ဇန်နဝါရီ-၂၀၂၃)

ဘရန့်ဖို့ဒ် ၀ - ၁ ဝက်စ်ဟမ်း (၈-ဇန်နဝါရီ-၂၀၂၃)

ဘရန့်ဖို့ဒ် ၃ - ၁ လီဗာပူး (၃-ဇန်နဝါရီ-၂၀၂၃)

ဝက်စ်ဟမ်း ၀ - ၂ ဘရန့်ဖို့ဒ် (၃၁-ဒီဇင်ဘာ-၂၀၂၂)

.

ဆောက်သမ်တန် နောက်ဆုံး (၅) ပွဲရလဒ်

---------------------------------------

နယူးကာဆယ် ၂ - ၁ ဆောက်သမ်တန် (၁-ဖေဖော်ဝါရီ-၂၀၂၃)

ဆောက်သမ်တန် ၂ - ၁ ဘလက်ပူး (၂၈-ဇန်နဝါရီ-၂၀၂၃)

ဆောက်သမ်တန် ၀ - ၁ နယူးကာဆယ် (၂၅-ဇန်နဝါရီ-၂၀၂၃)

ဆောက်သမ်တန် ၀ - ၁ အက်စတွန်ဗီလာ (၂၁-ဇန်နဝါရီ-၂၀၂၃)

အဲဗာတန် ၁ - ၂ ဆောက်သမ်တန် (၁၄-ဇန်နဝါရီ-၂၀၂၃)


#ပွဲကြိုသုံးသပ်ချက် #ဘရန့်ဖို့ဒ် #ဆောက်သမ်တန် #ပရီးမီးယားလိဂ်