ရှေ့သို့
Image

အပြောင်းအရွှေ့နောက်ဆုံးရက်တွင် ဆာဘစ်ဇာ ယူနိုက်တက်သို့ ရောက်ရှိသွားတဲ့ကိစ္စကို အံ့အားသင့်နေတဲ့ဘိုင်ယန်အသင်းဖော်များ

8:54 AM, 4 February

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဆာဘစ်ဇာကြောင့်ဘိုင်ယန်မြူးနစ်အသင်းသားတွေဟာ အံ့အားသင့်ခဲ့ရတယ်လိ့် သောမတ်မူလာက ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်အတွက် ပထမဆုံးသြစတြီးယားကစားသမား ဆာဘစ်ဇာ သည် ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ချုပ်ဆိုထားပြီး ယူနိုက်တက်အသင်းသည် သုံးလကြာ အနားယူနေရသော အဲရစ်ဆင်၏နေရာတွင် အစားထိုးရန်အတွက်  အသည်းအသန်ရှာဖွေခဲ့ရကြောင်းသိရှိရပါတယ်။

လိုက်ပ်ဇစ် မှ ၎င်း၏နည်းပြ နာဂယ်စမန်း သည် ၂၀၂၁ ခုနှစ်နွေရာသီတွင် ဘိုင်ယန်သို့ သူနှင့်အတူခေါ်ယူခဲ့ သော်လည်းအသက် ၂၈ နှစ်အရွယ်ကစားသမားသည် ပွဲကစားချိန်ရှားပါးမှုကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကြောင်းသိရပါတယ်။

မူလာသည် ဆာဘစ်ဇာ ထွက်ခွာရန် မမျှော်လင့်ထားပဲ ပွဲထွက်ခွင့်ရရန် ကြိုးစားနေသည်ဟု ယုံကြည်နေကြောင်းပြောခဲ့ပါတယ်။

“ကျွန်တော်တို့ အံ့သြသွားတယ်။ အဲဒါက အရမ်းမြန်တယ်”ဟု မူလာက Kicker သို့ ပြောကြားခဲ့ပါတယ်။

"ဆာဘစ်ဇာ ယူနိုက်တက်ကို ပြောင်းရွှေ့သွားပြီး အဲဒီမှာ ကစားခွင့်ရတဲ့ သူ့အတွက်  ပျော်ရွှင်မိပါတယ်။ မန်ချက်စတာဟာ နာမည် ကြီးတယ်။ သူ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာမှာလားဆိုတာ စိုးရိမ်စရာမရှိပါဘူး။ ဒီအသင်းမှာ သူ့ကိစ္စတွေကမပြတ်သေးဘူး နွေရာသီမှာ သူပြန်လာမှာပါ၊ " ဟု မူလာက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်သည် အဓိကပြိုင်ပွဲလေးခုတွင် ပါဝင်နေဆဲဖြစ်ပြီး အတွေ့အကြုံရင့် ကွင်းလယ်ကစားသမားဖြစ်သော ဆာဘစ်ဇာသည် ချက်ချင်းပင် ကွင်းထဲ ပြေးဝင်နိုင်မည်ဟု တန်ဟက်ကမျှော်လင့်နေပါတယ်။

ယခုလ ပရီးမီးယားလိဂ် လေးပွဲအပြင် နယူးကာဆယ်နှင့် ဝင်ဘာလေတွင်ကစားမည့် ကာရာဘောင်းဖလား ဖိုင်နယ်တွင် မတိုင်ခင် သရဲနီများသည် ယူရိုပါလိဂ် ပွဲစဉ်များအဖြစ် ဘာစီလိုနာနှင့် ၂ကျော့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဆာဘစ်ဇာ သည် လာမည့် တနင်္ဂနွေနေ့တွင် ယူနိုက်တက်အသင်းသည်အိုးထရက်ဖို့ဒ်၌ ခရစ္စတယ်ပဲလေ့စ်ကို လက်ခံကစားမည့် ပရီးမီးယားလိဂ်ပွဲတွင် ပထမဆုံးပွဲထွက်ခွင့်ရရန် မျှော်လင့်ရကြောင်းသိရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘိုင်ယန်မြူးနစ် ဆာဘစ်ဇာ