ရှေ့သို့
Image

ဇန်နဝါရီအပြောင်းအရွှေ့ဟာ ခဲရာခဲဆစ်နိုင်တဲ့အပြောင်းအရွှေ့လို့ အာတီတာ ပြောကြား

8:42 AM, 4 February

အာဆင်နယ်နည်းပြ အာတီတာက ဇန်နဝါရီအပြောင်းအရွှေ့ဟာ ခဲရာခဲဆစ်နိုင်တဲ့အပြောင်းအရွှေ့ဖြစ်တယ်လို့ ပြောကြားလိုက်ပေမယ့် လက်ရှိအသင်းလူစာရင်းက စတင်ကိုင်တွယ်တဲ့အချိန်ကထက်ပိုကောင်းလာတယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။

အာဆင်နယ်ဟာ အခုဆောင်းရာသီအပြောင်းအရွှေ့မှာ ဒုတိယရာသီဝက်အတွက် ထရိုဆက် ၊ ဂျော်ဂျင်ဟို နဲ့ ခီဗီယောတို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုဈေးကွက်မှာ ထိပ်တန်းပစ်မှတ် ၂ ဦးဖြစ်တဲ့ မူဒရစ်ခ် နဲ့ ကိုင်ဆီဒိုတို့ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အာတီတာက ပြောကြားရာမှာ “တကယ့်ကို ခဲရာခဲဆစ်အပြောင်းအရွှေ့ပါ။ ဒါပေမယ့် အဆုံးသတ်မှာ အပေါင်းလက္ခဏာတခုတော့ ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ၃ နေရာကို အားဖြည့်နိုင်ခဲ့ပါတယ်။

အစီအစဉ်ကတော့ အပြောင်းအရွှေ့မတိုင်ခင်ကတည်းက ချထားတာပါ။ သာမန်အားဖြင့် မဖြစ်လာနိုင်တာလည်းရှိပါတယ်။ ဒါပေမယ့် လိုက်လျောညီထွေမှုရှိဖို့ လိုပါတယ်။ 

အရေးအကြီးဆုံးအရာက အသင်းကို အရည်အချင်းကောင်းတွေနဲ့ ပိုကောင်းလာအောင်လုပ်ပေးနိုင်မယ့်သူမျိုးလိုအပ်တာပါ။ ကျွန်တော်တို့ လုပ်ခဲ့တာနဲ့ပတ်သက်ပြီး သံသယမရှိပါဘူူး။ ထရိုဆက်ဆို ဒီလိဂ်အကြောင်းကောင်းကောင်းသိထားတဲ့ ကစားသမားပါ။

သူ့ရဲ့စွမ်းဆောင်ရည် နဲ့ စွယ်စုံရတဲ့အနေအထားမျိုး ကျွန်တော်တို့ လိုအပ်ပါတယ်။ ခီဗီဆိုလည်း လူငယ်ဆိုပေမယ့် အရည်အချင်းအပြည့်အဝရှိတဲ့ကစားသမားတစ်ဦးပါ။ 

ပြီးတော့ ဂျော်ဂျင်ဟိုပေါ့။ သူကတော့ အတွေ့အကြံုံလည်းပြည့်ဝပြီး အသင်းကို ဦးဆောင်နိုင်မယ့်သူပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုအနေနဲ့ စနေနေ့မှာကစားမယ့် အဲဗာတန်နဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်

#အာတီတာ #အာဆင်နယ် #ပရီးမီးယားလိဂ်