ရှေ့သို့
Image

မာဒရစ်ခ် ခြေစွမ်းမပြနိုင်တာ အအေးမိနေလို့ပါဆိုပြီး ဖြေရှင်းလာတဲ့ ပေါ်တာ

8:07 AM, 4 February

ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက ယမန်နေ့ည ဖူလ်ဟမ်နဲ့ ဂိုးမရှိသရေပွဲစဉ်မှာ မာဒရစ်ခ်တစ်ယောက် ခြေစွမ်းမပြနိုင်တာ အအေးမိနေလို့ပါဆိုပြီး ဖြေရှင်းသွားခဲ့ပါတယ်။

ပေါင် ၈၈.၅သန်းတန် ကစားသမားဟာ ပြီးခဲ့တဲ့လက လီဗာပူးနဲ့ပွဲစဉ်မှာ အထူးခြေစွမ်းပြခဲ့ပေမယ့်  ယမန်နေ့ညကတော့ ပထမပိုင်းအတွင်း ဘာမှလုပ်ပြနိုင်ခြင်းမရှိခဲ့ဘဲ ဒုတိယပိုင်းမှာ မာဒူကီနဲ့ လူစားလဲလိုက်ရပါတယ်။

မာဒရစ်ခ်ဟာ ဖူလ်ဟမ်နဲ့ပွဲစဉ် ပထမပိုငးအတွင်း ဘောလုံးထိချက် အနည်းဆုံးဖြစ်ခဲ့တာကလည်း အသင်းအတွက် ဘာမှအကျိုးရှိအောင် မလုပ်နိုင်ခဲ့ဘူးဆိုတဲ့အချက်ကို ပေါ်လွန်နေစေခဲ့ပါတယ်။

ချဲလ်ဆီးကလည်း အလွန်တန်ကြေးကြီးမားတဲ့ အသင်းကို ပွဲထုတ်လာခဲ့ပေမယ့် ဖွဲ့စည်းမှုအားကာင်းတဲ့ ဖူလ်ဟမ်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိဘဲ အိမ်ကွင်းမှာ သရေသာရခဲ့ပါတယ်။

ယခုရလဒ်ကြောင့် ချဲလ်ဆီးအသင်းဟာ အဆင့်၉နေရောမှာ ရပ်တည်နေပြီး ဖူလ်ဟမ်ရဲ့နောက် ၂မှတ်အကွာမှာ ရှိနေကာ လီဗာပူးနဲ့ အက်စတွန်ဗီလာတို့သာ နိုင်သွားရင် အဆင့်၁၀အောက်ကို ပြန်ရောက်သွားဖို့များနေပါတယ်။

မာဒရစ်ခ်ရဲ့ ကြံ့ခိုင်မှုအခြေအနေအပေါ် ပေါ်တာက 

"မာဒရစ်ခ်ဟာ ဒီတစ်ပါတ်အတွင်း အပြင်းအထန် အအေးမိဝေဒနာ ခံစားခဲ့ရပါသေးတယ်။ ဒါ့ကြောင့် ပထမပိုင်းအပြီးမှာ ပေါ့ပါးသွက်လက်မှုမရှိပဲ လေးလံနေခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သူနဲ့ပတ်သက်ပြီး စွန့်စားမှုတွေ မလုပ်ချင်ပါဘူး။ မာဒူကီဟာ သူ့ရဲ့နေရာမှာ လူစားဝင်ပြီး အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဒါဟာကောင်းမွန်တဲ့ လက္ခဏာပါပဲ"လို့ ပြောခဲ့ပါတယ်။


#ချဲလ်ဆီး #ပရီးမီးယားလိဂ် #မာဒရစ်ခ်