ရှေ့သို့
Image

ဇီယက်ချ်က အသင်းရဲ့ အရေးပါတဲ့နေရာမှာရှိနေတုန်းဖြစ်ပါတယ်လို့ ပြောကြားလိုက်တဲ့ ပေါ်တာ

11:00 AM, 3 February

အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ပီအက်စ်ဂျီသို့ပြောင်းရွှေ့ဖို့ ပျက်ပြယ်ခဲ့ပြီးနောက် လက်ရှိရာသီမှာ ဇီယက်ချ်က အသင်းရဲ့အရေးပါတဲ့နေရာမှာရှိနေတုန်းဖြစ်ပါတယ်လို့ ပေါ်တာက ပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် အသက် ၂၉ နှစ်အရွယ် ကစားသမားရဲ့ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့သလို လီဂူးဝမ်းကလပ်နှင့် ဇီယက်ချ်တို့အတွက် စိတ်ပျက်ဖွယ်ရာဖြစ်ခဲ့ပါတယ်။

တူချယ်ရဲ့နေရာကို အစားဝင်ခဲ့တဲ့ နည်းပြပေါ်တာရဲ့လက်ထက်မှာ ဇီယက်ချ်ဟာ ကြိုးကြားကြိုးကြားသာ ပွဲထွက်ခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားမှာ ဆက်တိုက်ခြေစွမ်းပြသခဲ့ပြီး ဇီယက်ချ်ဟာ မော်ရိုကိုအသင်းကို အာဖရိကနိုင်ငံများအတွင်း ဆီးမီးဖိုင်နယ်သို့ ပထမဆုံးရောက်ရှိခဲ့တဲ့ အသင်းဖြစ်အောင် ကူညီပေးခဲ့ကာ အပြောင်းအရွှေ့တွင်လည်း အင်တာနှင့် အေစီတို့လို အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။

ကစားသမားရဲ့ စတန်းဖို့ဒ်ဘရစ်ချ်က ထွက်ခွာဖို့က ပျက်ပြယ်ခဲ့မှုမတိုင်ခင် ပီအက်စ်ဂျီဟာ ဇီယက်ချ်ကို ခေါ်ယူနိုင်လုနီးပါးအထိဖြစ်ခဲ့တာပါ။

အနောက်လန်ဒန်ဒါဘီအဖြစ် ဖူလ်ဟမ်နှင့်ကစားမယ့်ပွဲမတိုင်ခင် ကြာသပတေးနေ့မှာ ဇီယက်ချ်က လေ့ကျင့်ခန်းပြန်ဆင်းခဲ့တာဖြစ်ပြီး ကစားသမားအနေနဲ့ ပွဲထွက်လာဖွယ်ရှိကြောင်း ပေါ်တာက ပြောကြားခဲ့ပါတယ်။

"သူက အင်္ဂလန်သို့ပြန်ရောက်နေပြီး ဒီမနက်မှာလေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ သူက ပရော်ဖက်ရှင်နယ် ကစားသမားပါ၊ အခြေအနေတွေကိုလည်း သူကနားလည်းပါတယ်။ သူက ကျွန်တော်တို့အတွက် ပေးဆပ်ထားပြီး ဖူလ်ဟမ်နှင့်ပွဲမှာ ပါဝင်ကစားနိုင်မှာလည်းဖြစ်ပါတယ်"

"သူဟာ လက်ကျန်ရာသီမှာ ကျွန်တော်တို့အသင်းအတွက် အရေးပါတဲ့နေရာမှာရှိနေပါတယ်" လို့ နည်းပြက ပြောပါတယ်။

ချဲလ်ဆီးဟာ ဇန်နဝါရီဈေးကွက်မှာ ကစားသမား ၈ ဦးအထိ ခေါ်ယူခဲ့တာကြောင့် ပေါ်တာရဲ့ အစီစဉ်ထဲမှာ ဇီယက်ချ်တစ်ယောက် ပြန်လည်ပါဝင်လာဖို့အခွင့်အရေးက အနည်းငယ်တော့ ခက်ခဲနေပါတယ်။

ကစားသမားအများအပြားခေါ်ယူခဲ့ပြီးနောက အသင်းရဲ့ ပုံစံနှင့်ပတ်သက်ပြီး ပေါ်တာက "အနည်းငယ်လောက်ကို ပေါင်းစပ်လုပ်ဆောင်သွားမှာပါ။ လူငယ်ကစားသမားတွေရှိပြီး ကျွန်တော်တို့ ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ကစားသမားတွေရဲ့ ပုံစံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ လက်ရှိနဲ့အနာဂတ်အတွက် ကျွန်တော်တို့က အသင်းကို ကြိုးစားတည်ဆောက်နေတာပါ။ ဒီမှာရှိတဲ့သူတွေကို ကောင်းကောင်းကူညီဖို့လည်း ပါပါတယ်"

"ကျွန်တော်တို့မှာ မမျှော်မှန်းနိုင်တဲ့ ဒဏ်ရာအခြေအနေတွေလည်းရှိပါတယ်၊ ဒါကလည်း အများကြီးဖြစ်ခဲ့တာပါ။ အဲ့ဒီကနေ သင်ခန်းစာတွေရရှိခဲ့ပြီး ဒုတိယရာသီဝက်မှာ ကောင်းကောင်းလုပ်နိုင်မှာဖြစ်ပါတယ်" လို့ ပြောပါတယ်။


#ချဲလ်ဆီး #ပီအက်စ်ဂျီ #ဇီယက်ချ် #ပေါ်တာ