ရှေ့သို့
Image

မာတင်နယ်လီကို ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ အာဆင်နယ်

9:43 AM, 3 February

အာဆင်နယ်အသင်းဟာ လူငယ်တောင်ပံကစားသမား မာတင်နယ်လီကို ၂၀၂၇ခုနှစ်ထိ စာချုပ်သက်တမ်းတိုးလိုက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

အာဆင်နယ်ဟာ ယခုနှစ်ရာသီ အသင်းရဲ့ အတောက်ပဆုံးနဲ့ အဓိကအကျဆုံး ကစားသမားတစ်ဦးကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ၂၀၂၇ခုနှစ်ထိ ၄နှစ်ခွဲစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့တာပါ။

မာတင်နယ်လီရဲ့ လက်ရှိစာချုပ်ဟာ လာမယ့်ရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ၂၀၂၆ခုနှစ်ထိ စာချုပ်သက်တမ်းတိုးခွင့်လည်း ပါဝင်တာ ဖြစ်ပါတယ်။

ယခုသက်တမ်းတိုးမှုကြောင့် လူငယ်ကစားသမားလေးကို စိတ်ဝင်စားနေတဲ့ ဥရောပအသင်းကြီးတွေရဲ့ ရန်ကနေ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

မာတင်နယ်လီရဲ့ အရည်အသွေးတွေဟာ ယခုနှစ်ရာသီ ခြေစွမ်းပြနေတဲ့ အာဆင်နယ်အသင်းမှာ ပိုမိုပေါ်ထွက်လာခဲ့တာဖြစ်ပြီး အသင်းဖော် ဇင်ချန်ကိုကလည်း ဘရာဇီးသားလေးကို ချီးကျူးမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

မာတင်နယ်လီဟာ အာဆင်နယ်ကို ရောက်ရောက်ချင်းတုန်းကတော့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းကောင်းတွေ ပြလာပြီး အာတီတာရဲ့အသင်းမှာ အဓိကနေရာ ပါဝင်လာခဲ့တာပါ။

#အာဆင်နယ် #မာတင်နယ်တီ