ရှေ့သို့
Image

ချဲလ်ဆီးအသင်းအပေါ် ပေါက်ကွဲနေပြီး နောက်တစ်ကြိမ် သူတို့နဲ့ အပြောင်းအရွှေ့မလုပ်တော့ဘူးလို့ ပြောကြားလိုက်တဲ့ ပီအက်စ်ဂျီ

2:34 PM, 2 February

ဇီယက်ချ်ရဲ့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပြီးနောက်မှာတော့ ပီအက်စ်ဂျီအသင်းဟာ ချဲလ်ဆီးအသင်းကို တော်တော်လေး ဒေါသထွက်နေပါတယ်။

မနေ့က နောက်ဆုံးရက်မှာ အပြောင်းအရွှေ့ကို အပြီးမသတ်နိုင်ခဲ့တာကြောင့် မော်ရိုကိုနိုင်ငံသားဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာသာ ဆက်နေရတော့မှာဖြစ်ပါတယ်။

လုပ်ဆောင်မှုအားလုံးက ရှက်ဖို့အရမ်းကောင်းပါတယ်၊ လီဂူးဝမ်းကလပ်ဟာ ချဲလ်ဆီးနဲ့ နောက်တစ်ကြိမ် အပြောင်းအရွှေ့ကို လုပ်တော့မှာမဟုတ်ပါဘူးလို့ အင်္ဂလိပ်အားကစား ဂျာနယ်လစ်ဖြစ်သူ ဆိုဟီခိုလ်က ပြောကြားထားပါတယ်။

ဇီယက်ချ်ရဲ့ အပြောင်းအရွှေ့အပေါ် ပဲရစ်ရှိ သတင်းရင်းမြစ်တွေက "ပြီးခဲ့တဲ့ညက တကယ့်ကို ရှက်ဖို့ကောင်းပါတယ်၊ ချဲလ်ဆီးဟာ ပီအက်စ်ဂျီရဲ့ တံခါးရှေ့မှာ နောက်တစ်ကြိမ်မှောင်မိုက်အောင်လုပ်လို့ရမှာ မဟုတ်တော့ပါဘူး။ ဒါဟာ စီးပွားရေးလုပ်ဆောင်ပုံ ဒါမှဟုတ် ကစာသမားကို ဆက်ဆံပုံ မဟုတ်ပါဘူး" လို့ ပြောထားပါတယ်။

အခုလိုဖြစ်သွားတဲ့အတွက် ချဲလ်ဆီးမှာပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရတဲ့ ဇီယက်ချ်တစ်ယောက်ကတော့ တော်တော်လေး စိတ်ပျက်နေမှာဖြစ်ကာ အခြားနေရာမှာ အသစ်ပြန်စဖို့ ကောင်းကောင်းလုပ်ဆောင်ခဲ့သူအတွက် စိတ်ပျက်စရာဖြစ်ပါတယ်။ 

အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ အရည်အသွေးရှိသူဖြစ်ပြီး ကမ္ဘာ့ဖလားမှာလည်း ခြေစွမ်းပြသထားကာ ဇန်နဝါရီတွင် ရောက်ရှိလာတဲ့ မူဒရစ်၊ ဂျာအိုဖီးလစ်၊ မာဒူကီတို့ကြောင့် ချဲလ်ဆီးအသင်းမှာ ပွဲထွက်ခွင့်ရရှိဖို့ ကြိုးစားယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ တစ်ဖက်အသင်းဆီက ကစားသမားတွေကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ဥရောပအသင်းကြီးဖြစ်ပြီး ပီအက်စ်ဂျီဟာ ချဲလ်ဆီးနှင့် အနာဂတ်မှာ အပြောင်းအရွှေ့မလုပ်တော့ဘူးဆိုရင် အကောင်းဆုံးတွေနဲ့ ဝေးကွာသွားမှာဖြစ်ပါတယ်။


#ပီအက်စ်ဂျီ #ဇီယက်ချ်