ရှေ့သို့
Image

ဂွါဒီယိုလာတစ်ယောက် တစ်နေနေ့မှာ အထုတ်ခံရနိုင်တယ်လို့ အန်ဆယ်လော့တီ ယူဆနေ

12:09 PM, 2 February

ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက ဂွါဒီယိုလာတစ်ယောက် ဘောလုံးနည်းပြဘဝမှာ ဆက်နေခဲ့ရင် တစ်နေနေ့မှာ အထုတ်ခံရမယ်လို့ ဟာသလုပ်ပြောကြားလိုက်ပါတယ်။

ဂတ်တူဂိုတစ်ယောက် အထုတ်ခံရပြီးနောက် ၃ ရက်အကြာမှာပဲ မက်ဒရစ်ဟာ ကြာသပတေးနေ့မှာ ဗလန်စီယာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

“နည်းပြတွေအတွက် အဲ့တာက အရှိတရားပါ။ ကျွန်တော်တို့အားလုံးအထုတ်ခံရနိုင်ပါတယ်။ ဂွါဒီယိုလာတောင် ဒီအလုပ်ကို သူဆက်လုပ်နေမယ်ဆိုရင် တစ်နေ့မှာ အထုတ်ခံရနိုင်ပါတယ်။ ကျွန်တော့်နည်းပြဘဝမှာတောင် အဲ့တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီမှာရှိနေဆဲပါ”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။

ဗလန်စီယာဟာ ရီးရဲလ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဂတ်တူဆိုက ၂၂ ပွဲကိုင်တွယ်ခဲ့ပြီးနောက် ၉ နှစ်အတွင်း ၁၀ ယောက်မြောက်ထွက်ခွာခဲ့ရတဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။

ကြာသပတေးနေ့လိဂ်ပွဲကို ဂွန်ဇာလက်က ကိုင်တွယ်မှာဖြစ်ကာ ပြီးခဲ့ဲတဲ့ဆယ်စုနှစ်အတွင်း ၆ ယောက်မြောက်တာဝန်ယူရတဲ့ယာယီနည်းပြဖြစ်လာခဲ့ပါတယ်။

ဂတ်တူဆိုအထုတ်ခံရမှုနဲ့အတူ ဗလန်စီယာအသင်းပိုင်ရှင် ပီတာလင်းတို့လည်း ပစ်မှတ်ထားခံနေရပါတယ်။ ဗလန်စီယာဂိုးသမားဟောင်း ဆန်တီကာနီဇာရီကတော့ ဒေါသထွက်နေတဲ့ပရိသတ်တွေအတွက် အသင်းကိုရောင်းတာက ပိုကောင်းတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လင်းရဲ့ကိုယ်စားလှယ်တွေကတော့ “ကျွန်တော်တို့ အသင်းကိုရောင်းချဖို့ အလိုမရှိပါဘူး။ ဒီအသင်းကို ကျွန်တော်တို့ ချစ်သလို ကယ်တင်ချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဗလန်စီယာဟာ လာလီဂါနောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး တန်းဆင်းဇုန်ရဲ့အထက်မှာ ၁ မှတ်အကွာနဲ့ရပ်တည်နေပါတယ်။

ရီးရဲလ်အနေနဲ့ ဘာစီလိုနာဟာ ဘက်တစ်နဲ့ပွဲမှာ ခြေချော်ခဲ့တာကြောင့် အမှတ်ကွာဟမှုကို လိုက်မီနိုင်မှာဖြစ်ပါတယ်။ 

ဇန်နဝါရီအပြောင်းအရွှေ့မှာ ရီးရဲလ်အသင်းဟာ ဘယ်သူ့ကိုမှမခေါ်ယူခဲ့ပဲ လူငယ်ကစားသမားဟောင်း ဖရန်ဂါစီယာကိုသာ ပြန်လည်ခေါ်ယူခဲ့ပြီး အဆိုပါကစားသမားက ရာသီအကုန်မှာ ပူးပေါင်းမှာဖြစ်ပါတယ်။

အန်ဆယ်လော့တီရဲ့အသင်းမှာ ကာလရှည်ဒဏ်ရာရကစားသမားတွေရှိနေပေမယ့် အလှည့်ကျနည်းစနစ်ကို အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

#လာလီဂါ #မန်စီးတီး #ရီးရဲလ်မက်ဒရစ် #ဂွါဒီယိုလာ #အန်ဆယ်လော့တီ