လာလီဂါ ပွဲစဉ် (၁၇) ဘက်တစ် Vs ဘာစီလိုနာ ပွဲကြိုသုံးသပ်ချက် (နံနက် ၂း၃၀)
4:47 PM, 1 February
ဒဏ်ရာရပွဲပယ်များ
=========
ဘက်တစ် - ဂျူအန်ခရုဇ် (မသေချာ)။
ဘာစီလိုနာ - အူစမာဒမ်ဘီလီ (သေချာ)။
သုံးသပ်ချက်
========
လာလီဂါပွဲစဉ် ၁၇ ရဲ့ ပွဲကျန်တစ်ပွဲဖြစ်ပြီး ဒီပွဲမတိုင်ခင် စပိန်စူပါဖလားမှာလည်း ဒီနှစ်သင်း ထိပ်တိုက်တွေ့ခဲ့ကြပြီး ဘာကာက ပင်နယ်တီနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘက်တစ်အနေနဲ့ ပင်နယ်တီတွေနဲ့ချည့် ဖလားပွဲ နှစ်ပွဲကနေ ထွက်ခွာခဲ့ရသလို နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ ၂ ပွဲမှာလည်း ၁ ပွဲနိုင် ၁ ပွဲရှုံး ရရလဒ်ရရှိခဲ့ပြီး သွင်းဂိုးလည်း ၁ ဂိုးသာ ရှိခဲ့ပါတယ်။
ဘာကာကတော့ ဘက်တစ်ကိုကျော်ဖြတ်ပြီး စူပါဖလားဖိုင်နယ်မှာပါ ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ နောက်ဆုံးလာလီဂါ ၂ ပွဲနဲ့ ကိုပါဒယ်ရေး ၂ ပွဲကိုပါ နိုင်ပွဲတွေ ဆက်နေခဲ့တဲ့ ဘာကာအနေနဲ့ ဒီပွဲမှာလည်း ရလဒ်ကောင်းရရှိဖို့ ကြိုးစားလာနိုင်ပေမယ့် ဘက်တစ်အနေနဲ့ နှစ်ခါတော့ အရှက်ကွဲခံမှာ မဟုတ်ပါဘူး။ ဒီနှစ်သင်းတွေ့တိုင်း ဂိုးပေါ်လေ့ရှိတဲ့ အစဉ်အလာကြောင့် ဂိုးပေါ်ပွဲစဉ်တစ်ပွဲပဲ ဖြစ်ဖို့များပါတယ်။
.
ဘက်တစ် - ဘာစီလိုနာ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-----------------------------------------------------
ဘက်တစ် ၂ - ၂ ဘာစီလိုနာ (၁၃-ဇန်နဝါရီ-၂၀၂၃)
ဘက်တစ် ၁ - ၂ ဘာစီလိုနာ (၈-မေ-၂၀၂၂)
ဘာစီလိုနာ ၀ - ၁ ဘက်တစ် (၄-ဒီဇင်ဘာ-၂၀၂၁)
ဘက်တစ် ၂ - ၃ ဘာစီလိုနာ (၈-ဖေဖော်ဝါရီ-၂၀၂၁)
ဘာစီလိုနာ ၅ - ၂ ဘက်တစ် (၇-နိုဝင်ဘာ-၂၀၂၀)
.
ဘက်တစ် နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------
ဂီတာဖေး ၀ - ၁ ဘက်တစ် (၂၉-ဇန်နဝါရီ-၂၀၂၃)
အက်စ်ပန်ညို ၁ - ၀ ဘက်တစ် (၂၁-ဇန်နဝါရီ-၂၀၂၃)
ဘက်တစ် ၂ - ၂ အိုဆာဆူနာ (၁၉-ဇန်နဝါရီ-၂၀၂၃)
ဘက်တစ် ၂ - ၂ ဘာစီလိုနာ (၁၃-ဇန်နဝါရီ-၂၀၂၃)
ဗယ်လီကာနို ၁ - ၂ ဘက်တစ် (၈-ဇန်နဝါရီ-၂၀၂၃)
.
ဘာစီလိုနာ နောက်ဆုံး (၅) ပွဲရလဒ်
--------------------------------
ဂျီရိုနာ ၀ - ၁ ဘာစီလိုနာ (၂၈-ဇန်နဝါရီ-၂၀၂၃)
ဘာစီလိုနာ ၁ - ၀ ဆိုစီဒက် (၂၆-ဇန်နဝါရီ-၂၀၂၃)
ဘာစီလိုနာ ၁ - ၀ ဂီတာဖေး (၂၃-ဇန်နဝါရီ-၂၀၂၃)
ကူယေတာ ၀ - ၅ ဘာစီလိုနာ (၂၀-ဇန်နဝါရီ-၂၀၂၃)
ရီးရဲလ်မက်ဒရစ် ၁ - ၃ ဘာစီလိုနာ (၁၆-ဇန်နဝါရီ-၂၀၂၃)
#လာလီဂါ #ဘာစီလိုနာ #ပွဲကြိုသုံးသပ်ချက် #ဘက်တစ်