ရှေ့သို့
Image

ဇီယက်ချ်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ချဲလ်ဆီးကို ပီအက်စ်ဂျီ ဒေါသထွက်နေ

1:53 PM, 1 February

ချဲလ်ဆီးအသင်းဘက်က စာရွက်စာတမ်းကိစ္စတစ်လွဲလုပ်ခဲ့ပြီးနောက် ဇီယက်ချ်တစ်ယောက် ပီအက်စ်ဂျီကိုပြောင်းရွှေ့မယ့်ကိစ္စ ပျက်ပြယ်ခဲ့ပါတယ်။

အသက် ၂၉ နှစ်သားဟာ အပြောင်းအရွှေ့နောက်ဆုံးရက်တုန်းက ပီအက်စ်ဂျီကို ပြောင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် ချဲလ်ဆီးဘက်က တလွဲလုပ်ခဲ့တာကြောင့် အပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။

အပြောင်းအရွှေ့အတွက် လုပ်ဆောင်မှုမှာ ချဲလ်ဆီးဘက်က မှားယွင်းတဲ့စာရွက်စာတမ်းတွေပေးခဲ့တာကြောင့် နောက်ကျသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ကလာတဲ့သတင်းတွေအရ ချဲလ်ဆီးဘက်က ၃ ကြိမ်တိုင် စာရွက်စာတမ်းအမှားတွေပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီဟာ ဇီယက်ချ်ကို ကနဦးအငှားနဲ့ ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် ချဲလ်ဆီးက အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့သာ ဦးစားပေးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အက်ကလက်တစ်သတင်းဌာနကတော့ ပီအက်စ်ဂျီဟာ ချဲလ်ဆီးမှာ ပွဲထွက်ခွင့်ရုန်းကန်နေရတဲ့ ဇီယက်ချ်ကို အရခေါ်ယူဖို့ ပြင်ဆင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

မော်ရိုကိုသားကို ပီအက်စ်ဂျီအပြင် အေစီမီလန် ၊ ရိုးမား ၊ လိုက်ပ်ဇစ် နဲ့  ပရီးမီးယားလိဂ်ကလပ်တော်တော်များများက ပစ်မှတ်ထားခဲ့ကြပေမယ့် ကစားသမားက ပီအက်စ်ဂျီကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အခုတော့ ဇီယက်ချ်တစ်ယောက် ချဲလ်ဆီးမှာပဲ ဆက်ရှိနေရတော့မှာဖြစ်ကာ ၂၀၂၀ နွေရာသီတုန်းက အေဂျက်ကနေ ချဲလ်ဆီးကိုပြောင်းလာခဲ့တာဖြစ်ပါတယ်။

ဇီယက်ချ်ဟာ ချဲလ်ဆီးမှာကစားခဲ့တဲ့ ၂ နှစ်ခွဲအတွင်း ချန်ပီယံလိဂ် ၊ စူပါဖလား နဲ့ ကလပ်ကမ္ဘာ့ဖလားတွေရရှိခဲ့ကာ အက်ဖ်အေဖလားဖိငုင်နယ် နဲ့ ကာရာဘောင်ဖလားဖိုင်နယ်ကိုပါ တက်ရောက်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းမှာ ဇီယက်ချ်ဆက်နေဖြစ်ခဲ့ရင် အသင်းကို အဆင့် ၁၀ နေရာကနေ တက်နိုင်အောင် ကူညီပေးရဖွယ်ရှိနေကာ ချန်ပီယံလိဂ်ပွဲအဖြစ် ဒေါ့မွန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ပီအက်စ်ဂျီ #ဇီယက်ချ် #ပရီးမီးယားလိဂ်