ရှေ့သို့
Image

ကန်ဆယ်လိုထွက်ခွာသွားပြီးနောက် မန်စီးတီးမှာပဲ ဆက်ရှိတော့မယ့် ဘာနာဒိုဆေးလ်ဗား

1:49 PM, 1 February

ကန်ဆယ်လိုရဲ့ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့မှုဟာ ဆောင်းရာသီအပြောင်းအရွှေ့မှာ ကြီးမားတဲ့ ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။

ဂွါဒီယိုလာနှင့် ပြဿနာဖြစ်ခဲ့ပြီးနောက် ပေါ်တူဂီနိုင်ငံသား နောက်တန်းကစားသမားဟာ မန်စီးတီးကနေထွက်ခွာခွင့်တောင်းခဲ့တာဖြစ်ပြီး အင်္ဂလိပ်ကလပ်ကလည်း သူ့ကိုထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ နောက်ထပ်အသင်းကတော့ ဂျာမနီကလပ်ဖြစ်ပါတယ်။ နွေရာသီမှာ အပြီးသတ်ဝယ်ယူခွင့်ပါရှိတဲ့ အငှားစာချုပ်ဖြင့် သူဟာ ဘိုင်ယန်မြူးနစ်သို့ ရောက်သွားပြီဖြစ်ပါတယ်။

ကန်ဆယ်လိုရဲ့ထွက်ခွာမှုကိုသာ မန်စီးတီးမှာတွေ့မြင်ရမှာမဟုတ်ပါဘူး။ နောက်ထပ် ပေါ်တူဂီ ကစားသမားဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားကလည်း အင်္ဂါနေ့မှာ ကလပ်ကနေထွက်ခွာနိုင်ပါတယ်လို့ ပေါ်တူဂီဂျာနယ်လစ်ဖြစ်သူ အယ်မီဒါက ပြောထားပါတယ်။

ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက အသင်းကနေထွက်ခွာချင်နေတာဖြစ်ပြီး ဘာစီလိုနာကတော့ သူ့ရဲ့နောက်ထပ်ကလပ်ဖြစ်လာနိုင်ပါတယ်။

သို့သော်လည်း ကတ္တလန်ကလပ်မှာ ငွေကြေးပြဿနာလေးတွေရှိခြင်းနှင့် မန်စီးတီးအသင်းက တောင်းဆိုထားတဲ့ ပမာဏက ဘာစီလိုနာအတွက် အတားအဆီးဖြစ်နေပါတယ်။

အဆိုပါအပြောင်းအရွှေ့မှာ ဒီဂျောင်ရဲ့ ယူနိုက်တက်သို့ ပြောင်းရွှေ့မှုအပေါ် မူတည်နေကာ နယ်သာလန်နိုင်ငံသာကတော့ ယူနိုက်တက်သို့ မပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။

ဘဏ္ဍာရေးမျှတစည်းမျဉ်းနှင့် ဇာဗီရဲ့လူစာရင်းမှာ အရေးပါတဲ့ ကစားသမားဖြစ်နေတဲ့ ဒီဂျောင်ရဲ့ ခြေစွမ်းပြသမှုတွေကြောင့် ဘာစီလိုနာဟာ ဘာနန်ဒိုဆေးလ်ဗားကို လက်လွှတ်ထားတာဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ အေးဂျင့် မန်ဒက်စ်ရဲ့ ကစားသမားဖြစ်သူ ဘာနာဒိုဆေးလ်ဗားရဲ့ လှုပ်ရှားမှုတွေကို ဘာစီလိုနာက စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ကန်ဆယ်လို #ဆေးလ်ဗား #ပရီးမီးယားလိဂ်