ရှေ့သို့
Image

လီဂူးဝမ်းပွဲစဉ် (၂၁) နန့်တက်စ်-မာဆေးလ် ပွဲကြိုခန့်မှန်းချက် (ည ၁၂:၃၀ )

11:00 AM, 1 February

ဒဏ်ရာရပွဲပယ်

---------------

နန့်တက်စ် - ပယ်လွိုက်စ် (သေချာပေါက်လွဲ)၊ မာလင် (မသေချာ)

မာဆေးလ် - ဟာအစ် (သေချာပေါက်လွဲ)၊ ဂျိုနသန်ကလော့စ်၊ ပါအူလိုပက်ဇ်၊ အူနာဟီ (မသေချာ)


နန့်တက်စ်က အခုအချိန်မှာ ခြေတက်နေတဲ့အသင်းဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့ဖလားအပြီး ကလပ်ပွဲစဉ်တွေပြန်စချိန်ကတည်းက ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ပေးဂိုးမရှိထားတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်က အလွန်ကောင်းမွန်နေတယ်လို့ ပြောရပါမယ်။ ဒီပွဲစဉ်မှာလည်း နန့်တက်စ်က ရမှတ်လိုအပ်ချက်ရှိနေတဲ့ မာဆေးလ်ကို အကောင်းဆုံးတုံ့ပြန်သွားမှာပါ။ မာဆေးလ်အတွက်ကတော့ လွယ်ကူမယ့်ပွဲစဉ်မျိုးမှာမပါဝင်ဘူး။ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် မာဆေးလ်အနေနဲ့ လန်းစ်ကို အမှီလိုက်နိုင်ဖို့ ရမှတ်တွေ စုဆောင်းနိုင်ဖို့ လိုအပ်ပါတယ်။ မာဆေးလ်က နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲနိုင်၊ ၁ ပွဲ သရေကစားထားပြီး ပုံစံကောင်းပြသနေပါတယ်။ ကြေးအနေအထားအရ မာဆေးလ်က တစ်ဂိုးအသာနဲ့နိုင်ရင် ကြေးအောင်မှာဖြစ်ပေမယ့် ဒီပွဲစဉ်မှာတော့ အိမ်ရှင်နန့်တက်စ်နဲ့ပဲ စွန့်စားချင်ပါတယ်။

.

နန့်တက်စ် - မာဆေးလ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

------------------------------------------------------------------

မာဆေးလ် ၂ - ၁ နန့်တက်စ် (၂၁-သြဂုတ်-၂၀၂၂)

မာဆေးလ် ၃ - ၂ နန့်တက်စ် (၂၁-ဧပြီ-၂၀၂၂)

နန့်တက်စ် ၀ - ၁ မာဆေးလ် (၂-ဒီဇင်ဘာ-၂၀၂၁)

နန့်တက်စ် ၁ - ၁ မာဆေးလ် (၂၀-ဖေဖော်ဝါရီ-၂၀၂၁)

မာဆေးလ် ၃ - ၁ နန့်တက်စ် (၂၈-နိုဝင်ဘာ-၂၀၂၀)

.

နန့်တက်စ် နောက်ဆုံး (၅) ပွဲရလဒ်

------------------------

ကလာမွန့် ၀ - ၀ နန့်တက်စ် (၂၉-ဇန်နဝါရီ-၂၀၂၃)

ES သာအွန် ၀ - ၀ နန့်တက်စ် (၂၃-ဇန်နဝါရီ-၂၀၂၃)

မောင့်ပယ်လီယာ ၀ - ၃ နန့်တက်စ် (၁၅-ဇန်နဝါရီ-၂၀၂၃)

နန့်တက်စ် ၀ - ၀ လိုင်ယွန် (၁၂-ဇန်နဝါရီ-၂၀၂၃)

AF ဗီရိုက်စ် ၀ - ၂ နန့်တက်စ် (၇-ဇန်နဝါရီ-၂၀၂၃)

.

မာဆေးလ် နောက်ဆုံး (၅) ပွဲရလဒ်

------------------------------

မာဆေးလ် ၁ - ၁ မိုနာကို (၂၉-ဇန်နဝါရီ-၂၀၂၃)

မာဆေးလ် ၁ - ၀ ရန်းနက်စ် (၂၁-ဇန်နဝါရီ-၂၀၂၃)

မာဆေးလ် ၃ - ၁ လိုရီယန့် (၁၅-ဇန်နဝါရီ-၂၀၂၃)

ထရိုယက်စ် ၀ - ၂ မာဆေးလ် (၁၂-ဇန်နဝါရီ-၂၀၂၃)

မာဆေးလ် ၂ - ၀ ဟိုင်းရက်စ် (၇-ဇန်နဝါရီ-၂၀၂၃)

#ပွဲကြိုသုံးသပ်ချက် #မာဆေးလ် #လီဂူးဝမ်း #နန့်တက်စ်