ရှေ့သို့
Image

အပြောင်းအရွှေ့မပိတ်သိမ်းမီ ဆာဘစ်ဇာကို ခေါ်ယူပြီး ကွင်းလယ်ပိုင်း အားဖြည့်လိုက်နိုင်တဲ့ ယူနိုက်တက်

11:21 AM, 1 February

ချန်ပီယံရှစ်ကလပ်ရီဒင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်အတွင်း အဓိကွင်းလယ်ကစားသမားဖြစ်တဲ့ ခရစ်ရှန်အဲရစ်ဆင်ရဲ့ ဒဏ်ရာပြင်းထန်မှုကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မပိတ်သိမ်းမီ အချိန်မီ ကစားသမားခေါ်ယူအားဖြည့်မှုအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်နည်းပါးနေတဲ့ ကွင်းလယ်ကစားသမား ဆာဘစ်ဇာကို ရာသီဝက်အငှားစာချူပ်ဖြင့် ခေါ်ယူလိုက်တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ကွင်းလယ်ပိုင်းအားဖြည့်ရန်အတွက် ကစားသမားအချို့ကို ခေါ်ယူရန် ချိတ်ဆက်မှု ပြုလုပ်ခဲ့ပြီး ဘိုင်ယန်အသင်းနဲ့အတူ ပုံမှန်ပွဲထွက် နည်းပါးနေတဲ့ ဪစတီးရီးယားလက်ရွေးစင် ကွင်းလယ်လူ ဆာဘစ်ဇာကို ရာသီကုန်အထိ အငှားခေါ်ယူလိုက်နိုင်တာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားရန် ဆန္ဒရှိသလို မန်ချက်စတာမြို့ကို ချက်ချင်း ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ယခုအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၂နေရာမှ မန်စီးတီးအသင်းနဲ့ ၆မှတ်အကွာ၊ အဆင့် ၃နေရာမှ နယူးကာဆယ်အသင်းနဲ့ ရမှတ်တူ အနေအထားဖြင့် အမှတ်ပေးဇယားအဆင့် ၄နေရာတွင် ရပ်တည်နေတာဖြစ်ပြီး ရာသီကုန်မှာ ရလဒ်ပိုင်းကောင်းမွန်ရေးအတွက် ဒဏ်ရာရရှိသွားခဲ့တဲ့ ဒိန်းမက်ကွင်းလယ် လူ နေရာမှာ ဆာဘစ်ဇာကို အရေးပေါ်အစားထိုး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်ရဲ့ ညွှန်ကြားမှု အောက်တွင် ကစားရန် ဆန္ဒရှိနေတဲ့ အသက် ၂၈နှစ်အရွယ် ဪစတီးရီးယားကွင်းလယ်လူက အက်ဒ်မီရာ၊ ရက်ပစ်ဝီယန်၊ ဆဲလ်ဘတ်၊ လိုက်ပ်ဇစ်တို့မှာ ခြေစွမ်းပြကစားနိုင်ခဲ့ကာ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဆာဘစ်ဇာက ကစားသမားဘဝတစ်လျှောက်ပွဲပေါင်း ၅၈၁ပွဲကစားအပြီးမှာ ဂိုးဖန်တီးမှု ၇၆ကြိမ်နဲ့ သွင်းဂိုး ၁၄၀အထိသွင်းယူထားနိုင်ခဲ့တာကြောင့် ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်း ခံထားခဲ့ရတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘိုင်ယန်မြူးနစ် #ပရီးမီးယားလိဂ် ဆာဘစ်ဇာ