ရှေ့သို့
Image

နောဝစ်ချ်ကို အငှားထွက်ကစားမယ့် အာဆင်နယ်စတား မာကွင်ဟို့စ်

10:50 AM, 31 January

အာဆင်နယ်တောင်ပံကစားသမား မာကွင်ဟို့စ်တစ်ယောက် လက်ကျန်ရာသီအကုန်အထိ နောဝစ်ချ်အသင်းမှာ အငှားထွက်ကစားမယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ အသက် ၁၉ နှစ်သားကို ပြီးခဲ့တဲ့နွေရာသီတုန်းက ပေါင် ၃ သန်းနဲ့ ဆော်ပေါ်လိုကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မာကွင်ဟို့စ်ဟာ အာဆင်နယ်အတွက် စီနီယာပွဲ ၆ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ကာ အခုတော့ ပုံမှန်ကစားခွင့်ရဖို့ နောဝစ်ချ်ကိုပြောင်းတော့မှာဖြစ်ပါတယ်။ အာဆင်နယ်ဘက်ကလည်း မာကွင်ဟို့စ်ကို နွေရာသီမတိုင်ခင်အထိ နောဝစ်ချ်အသင်းထံ အငှားစေလွှတ်ဖို့ သဘောတူညီခဲ့ပြီဖြစ်ကာ အပြီးသတ်ခေါ်ယူခွင့်တော့ မပါရှိတာဖြစ်ပါတယ်။

နောဝစ်ချ်အသင်းဟာ ချန်ပီယံရှစ်ရဲ့အဆင့် ၆ နေရာမှာ ရပ်တည်နေကာ အလိုလျှောက်တန်းတက်နိုင်ဖို့ ၁၅ မှတ်အထိတော့ ကွာဟနေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လိုအပ်တဲ့နေရာတွေကို ခေါ်ယူထားပြီးဖြစ်ကာ အခုကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။

ကိုင်ဆီဒိုကို ၂ ကြိမ်တိုင်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံထားရကာ အခုနောက်ထပ်တစ်ကြိမ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

#အာဆင်နယ် #နောဝစ်ချ် #မာကွင်ဟို့စ် #ပရီးမီးယားလိဂ်