ရှေ့သို့
Image

မွန်ဇာ အသင်းနဲ့ ပွဲစဉ်တွင် ပထမပိုင်းအတွင်း ကစားပုံအလွန်ဆိုးရွားခဲ့ကြောင်း ဖွင့်ဟ ပြောဆိုလိုက်တဲ့ အယ်လီဂရီ

1:56 PM, 30 January

အီတလီစီးရီးအေပွဲစဉ်တစ်ပွဲအဖြစ် ဂျူဗင်တပ်စ်အသင်းနဲ့ မွန်ဇာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် ယခုနှစ်ရာသီဘောလုံးပြိုင်ပွဲအတွင်း ဆက်တိုက် ရလဒ်ဆိုးကာ ပုံစံကောင်းပျောက်နေတဲ့ ဂျူဗင်တပ်စ်အသင်းက မွန်ဇာအသင်းကို ၂ - ၀ ရလဒ်ဖြင့် ကမောက်ကမ အရေးနိမ့်ခဲ့တာဖြစ်ပြီး ပွဲစဉ်အပြီးမှာ နည်းပြ မက်စီမီလီယန်နိုအယ်လီဂရီက စွမ်းဆောင်ရည်နိမ့်ပါးလွန်တဲ့ ဂျူဗင်တပ်စ်အသင်းကစားသမားတွေရဲ့ ပထမပိုင်းအတွင်း ကစားဟန်နဲ့ ပတ်သက်လို့ ဂျူဗင်တပ်စ် အသင်းရဲ့ အစဉ်အလာတစ်လျှောက် အဆိုးရွားဆုံးဖြစ်တယ်လို့ ဝေဖန်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ အယ်လီဂရီအနေဖြင့် အဓိက ကစားသမားအချို့နဲ့ ပွဲထွက်လာခဲ့ပေမဲ့ ကစားကွက်ပုံဖော်မှု အထနှေးနေခဲ့တာကြောင့် မွန်ဇာအသင်းရဲ့ တန်ပြန် ထိုးဖောက်မှု တွေက ထိရောက်နေခဲ့ပြီး ပွဲကစားချိန် ၁၈မိနစ်နဲ့ ၂၉မိနစ်တို့မှာ ပက်ထရစ် ကာရီရာနဲ့ ဒန်နီမိုတာတို့က မွန်ဇာအသင်းအတွက် ဦးဆောင်ဂိုး ရရှိစေခဲ့သလို ပထမပိုင်း အပြီးမှာတင် မွန်ဇာအသင်းက ၀ - ၂ ရလဒ်ဖြင့် ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ပွဲပြီးချိန်ထိ ရလဒ်ကို ဆက်ထိန်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မွန်ဇာအသင်းက ဂျူဗင်တပ်စ်အသင်းကို ၀ - ၂ရလဒ်ဖြင့် အနိုင်ကစားနိုင်ခဲ့တာကြောင့် ၁၉၃၀ခုနှစ်တွင် အင်တာမီလန်အသင်း ရေးထိုးခဲ့တဲ့ မှတ်တမ်းအပြီးမှာ ဂျူဗင်တပ်စ်အသင်းကို ပထမယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ် ၂ပွဲကို အနိုင်ကစားနိုင်ခဲ့တဲ့ ဒုတိယမြောက်အသင်းအဖြစ်ပါ မှတ်တမ်းရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ဂျူဗင်တပ်စ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ နည်းပြ အယ်လီဂရီက“ကျွန်တော် အရမ်းဒေါသထွက်နေပါတယ်။ သွင်းဂိုးတွေကို ဒီလို လွယ်လွယ်ကူကူခွင့်ပြု ပေးနေလို့ မရဘူးလေဗျာ။ ပထမပိုင်း ကစားပုံကတော့ ကျွန်တော်တို့အသင်းအတွက် တကယ် အဆိုးရွားဆုံးပါပဲ” “ကွင်းအတွင်းမှာကျွန်တော်တို့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်ရပါမယ်။ ပြီးရင် ကောင်းဆုံး ပြန်လာနိုင်ဖို့ ပြင်ဆင်သွားမှာပါ”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #အယ်လီဂရီ #မွန်ဇာ