ရှေ့သို့
Image

ရိုးမားမှ ထွက်ခွာရန် စမောလင်း၏ တောင်းဆိုမှုကို အေးဂျင့်ဖြစ်သူ ငြင်းဆို

11:12 AM, 30 January

စမောလင်းက သူ့ရဲ့အေးဂျင့်ထံ ရိုးမားအသင်းမှ ထွက်ခွါရန် တောင်းဆိုထားသော်လည်း အေးဂျင့်ဖြစ်သူက သဘောမတူပဲငြင်းဆိုလိုက်ကြောင်းသိရပါတယ်။ ခရစ်စမောလင်း၏အေးဂျင့်ဖြစ်သူ ဂျိမ်းဖယ်သာစတုန်းဟာ Sky Sport Itilta မှ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုထံ စာတစ်စောင်ပေးပို့ခဲ့ကြောင်းသိရပါတယ်။

စာထဲမှာ ပါတဲ့အကြောင်းအရာကတော့ "ခရစ်စမောလင်းရဲ့အနာဂါတ်ဟာ အီတလီနာမည်ကြီး အော်ပရာပြဇတ်ရုံ မှာ ပြနေတဲ့ ပြဇတ်လိုဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က ရိုးမားအသင်းနဲ့ ခရစ်စမောလင်းကိစ္စကို ဆက်လက်ဆွေးနွေးနေပါတယ်။ ၆၁နှစ်တာကာလအတွင်း ရိုးမားအတွက် ပထမဆုံး ဥရောပချန်ပီယံဖလားနောက်ဆုံး ဗိုလ်လုပွဲတွင် ပါဝင်ကစားခဲ့သော ခရစ်စမောလင်းဟာ ရိုးမားအသင်း အတွက် ယခုရာသီတွင် ပိုမိုအောင်မြင်အောင် ကြိုးစားအားထုတ်ဖို့ပဲ အာရုံစိုက်နေပါတယ်"ဟု ရေးသားထားကြောင်းသိရပါတယ်။

ထို့ပြင်ဇွန်လတွင် ခရစ်စမောလင်းသည် ရိုးမားအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာပဲဖြစ်ကြောင်း သိရှိရပါတယ်။
#စီးရီးအေ #ရိုးမား