ရှေ့သို့
Image

ကိုင်ဆီဒိုကို စိတ်ဝင်စားနေပေမယ့် ဒီကလန်ရိုက်စ်ကို အလိုရှိနေဆဲဖြစ်တဲ့ အာဆင်နယ်

10:08 AM, 30 January

အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကိုင်ဆီဒိုကို စိတ်ဝင်စားနေဆဲဖြစ်ပေမယ့် ဒီကလန်ရိုက်စ်ကိုလည်း အလိုရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ အခုဆောင်းဈေးကွက်မပိတ်ခင် အယ်လ်နီနီနေရာအတွက် ကိုင်ဆီဒိုကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ပါတေးအခြေအနေကလည်း မသေချာတာကြောင့် အာဆင်နယ်မှာ လိုကွန်ဂါ နဲ့ ဇာခါတို့ ၂ ဦးသာ ကွင်းလယ်မှာရှိနေတာဖြစ်ပါတယ်။ အဲဗာတန်နဲ့ပွဲမှာ ပါတေးပြန်လည်ပါဝင်နိုင်ဖို့ များနေပေမယ့် အာတီတာက ကွင်းလယ်လူတစ်ဦးခေါ်ယူချင်နေဆဲဖြစ်ပါတယ်။

အာဆင်နယ်ဟာ ကိုင်ဆီဒိုကို ပထမအကြိမ်အဖြစ် ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘရိုက်တန်ဘက်က ပယ်ချထားကာ ပေါင်သန်း ၈၀ လောက်တောင်းဆိုနေပါတယ်။ အီကွေဒေါသားကို အာဆင်နယ်ကို ခေါ်ယူချင်နေပေမယ့် ရိုက်စ်ကိုလည်း နွေရာသီမှာ ထပ်မံခေါ်ယူဦးမှာဖြစ်ပါတယ်။

မယ်ရာသတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ အဆိုပါကစားသမား ၂ ဦးစလုံးကို ခေါ်ယူမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်သားဟာ လာမယ့်ရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဝက်စ်ဟမ်းဘက်က ပေါင်သန်း ၈၀ လောက်အလိုရှိနေပါတယ်။ ဒီကလန်ရိုက်စ်ကို အာဆင်နယ်အပြင် ချဲလ်ဆီးအသင်းကလည်း အလိုရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ ကိုင်ဆီဒိုကိုလည်း အလိုရှိနေပြီး အသက် ၂၁ နှစ်သားကလည်း အာဆင်နယ်ကိုသာ ပြောင်းချင်နေပါတယ်။

“ကျွန်တော့်ကို ပရီးမီးယားလိဂ်ရောက်လာအောင် အခွင့်အရေးပေးခဲ့တဲ့ ဘရိုက်တန် နဲ့ မစ္စတာဘလွန်းတို့ိကို ကျေးဇူးတင်ပါတယ်။ အသင်းအတွက် ကျွန်တော် အကောင်းဆုံးလုပ်ပေးခဲ့ပြီလို့ ခံစားရပါတယ်။ ကျွန်တော် ဘောလုံးကို အပြုံးနဲ့ကော နှလုံးသားနဲ့ပါ အမြဲတမ်းကစားပါတယ်။ ကျွန်တော့်အိပ်မက် ထိပ်တန်းအသင်းကြီးတစ်သင်းမှာ ကစားခွင့်ရဖို့ပါ။ စံချိန်တင်ပြောင်းရွှေ့ကြေးရမယ်ဆိုရင် ကျွန်တော် ဂုဏ်ယူမိမှာဖြစ်ပြီး အဲ့တာကို အသင်းအောင်မြင်မယ့်နေရာမှာ ပြန်သုံးလို့ရပါတယ်။ ပရိသတ်တွေ အနေနဲ့လည်း ကျွန်တော့်ရဲ့ အခွင့်အရေးကောင်းတစ်ရပ်ဖြစ်တယ်ဆိုတာကို နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ကိုင်ဆီဒိုက အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

ကိုင်ဆီဒိုဟာ အသင်းပြောင်းချင်တာကြောင့် လေ့ကျင့်ခန်းမဆင်းခဲ့သလို ဘရိုက်တန်ဘက်ကတော့ အခုဈေးကွက်မှာ သူတို့စတားကို ဆက်ထိန်းထားချင်နေပါတယ်။

#အာဆင်နယ် #ကလန် ရိုက်စ် #ပရီးမီးယားလိဂ် #ကိုင်ဆီဒို