ရှေ့သို့
Image

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးနေရာမှာ ကစားရဖို့ရှိနေတဲ့ ကိုဒီဂတ်ပို

2:18 PM, 29 January

လီဗာပူးတိုက်စစ်မှူး  ကိုဒီဂတ်ပိုက ၎င်း၏ပထမဆုံးလတွင် ယာဂင်ကလော့ပ်၏ နည်းဗျူဟာများအတိုင်းလိုက်နာပြီး လေ့ကျင့်ရေးများလုပ်နေကြောင်း  ဖွင့်ဟခဲ့ပါတယ်။


နယ်သာလန်လက်ရွေးစင်ကစားသမားကို ကလပ်အသင်းအများအပြားအပြင် မန်ချက်စတာယူနိုက်တက်အသင်းက အလိုရှိခဲ့သော်လည်း  ဂက်ပိုကို အင်္ဂလန်သိုခေါ်ဆောင်ရန် ကနဦးပေါင် ၃၅ သန်းပေးချေရန် သဘောတူညီခဲ့သည့် လီဗာပူးလ်အသင်းဖြစ်ခဲ့ပါတယ်။


ဘယ်တောင်ပံကစားသမားအဖြစ် နာမည်ရခဲ့ပေမယ့် လီဗာပူးမှာ တိုက်စစ်မှူးအဖြစ် ကစားနေရတဲ့ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့အသင်းသစ်အတွက် လေးပွဲကစားအပြီးမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးကြောင်း ကလပ်မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။


“ကျွန်တော့်ရဲ့ ခံစားချက်ကတော့ အသင်းမှာရှိတဲ့ လူတိုင်းမှာ အရည်အသွေးတွေ အများကြီးရှိပါတယ်၊ အဲဒါက လေ့ကျင့်ရေးမှာသေချာလေ့ကျင့်ပြီး ကိုယ့်ကိုကိုယ်အဆင့်မြှင့်ဖို့လိုပါတယ်၊ ဒါဟာ ဘောလုံးကစားခြင်းရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး တစ်ခါတစ်ရံမှာ လိုချင်တဲ့ပုံစံအတိုင်း အတိအကျ မရနိုင်သေးပါဘူး။ ဆက်လက်တိုးတက်ဖို့ ကြိုးစားအားထုတ်မှုရှိမှ  အရည်အသွေးလည်း ထွက်ပေါ်လာမှာပါ။ ဒါဆိုရင်တော့ လီဗာပူးအစစ်အမှန်ကို မြင်တွေ့ရတော့မှာပါ။” ဟု ဂတ်ပိုကပြောပါတယ်။


ဆက်လက်ပြီး "ဘောလုံးရှုထောင့်ကနေကြည့်ရင် ဒါဟာ ကစားသမားအသစ်တွေနဲ့ အသင်းသစ်တွေနဲ့ ကွင်းထဲမှာရှိတဲ့ ပတ်ဝန်းကျင်အသစ်တစ်ခုပါ။ အဲဒါက တကယ့်ကို ကောင်းမွန်တဲ့အဖွဲ့တစ်ဖွဲ့လို ကျွန်တော်ပြောနိုင်ပါတယ်။ နေ့တိုင်း သူတိုနဲ့ အလုပ်ကြိုးစားဖို၊ လေ့ကျင့်မှုတွေလုပ်ဖို မျှော်လင့်နေပါတယ်။ ကစားပွဲတွေကို ကစားခွင်ရဖို့ တတ်နိုင်သမျှ မြန်မြန် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေပါတယ်၊ နေ့တိုင်း တိုးတက်ကောင်းမွန်လာဖိုနဲ့ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အကောင်းဆုံးပုံစံကို ပြသနိုင်မှာပါ" ဟုဂတ်ပိုကလည်း လီဗာပူးအသင်းမှာ သူ့ရဲ့အခန်းကဏ္ဍအသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေဆဲဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။


"ဒီကနည်းစနစ်တွေက ကျွန်တော် ကျင့်သုံးနေတဲ့ အရာနဲ့ နည်းနည်း ကွာခြားပါတယ်" ဟု ဒတ်ခ်ျလူမျိုးကစားသမားက ဝန်ခံခဲ့ပါတယ်။


 “ပုံမှန်အားဖြင့် ကျွန်တော် ဘယ်တောင်ပံမှာ ကစားတာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းကပါ။ တိုက်စစ်မှူးနေရာကနေ ပါဝင်ကစားရတာက တိုးတက်လာနိုင်တဲ့ အရာတစ်ခုဖြစ်ပြီး အဲဒီမှာ ကျွန်တော့်ရဲ့ အရည်အသွေးကို ပြသချင်ပါတယ်။ ကောင်းမွန်တဲ့ အနေအထားတစ်ခုဖြစ်ပြီး အဲဒီမှာ ကစားတာက ကျွန်တော့်ကို နည်းစနစ်ပိုင်းအရ ကစားသမားတစ်ဦးအနေနဲ့ ပိုပြီး ပြည့်စုံစေပါတယ်။" ဟုပြောကြားခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #ဂတ်ပို #ပရီးမီးယားလိဂ်