ရှေ့သို့
Image

ဖီဖာရဲ့ ၄ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်းခံလိုက်ရတဲ့ အက်သလက်တီကိုခံစစ်မှုး

2:14 PM, 29 January

ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အဖြစ် ဂါနာနှင့် ဥရုဂွေး တို့ရဲ့ပွဲစဉ်က စိတ်လှုပ်ရှာဖို့ကောင်းခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ ရှုံးထွက်အဆင့်သို့တက်ရောက်ဖို့ အလားအလာတွေရှိခဲ့သော်လည်း ပေါ်တူဂီကို အနိုင်ရရှိခဲ့တဲ့ တောင်ကိုရီးယားကသာ အုပ်စုတက်သွားခဲ့ပါတယ်။


ဥရုဂွေးက ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သော်လည်း ၃ဂိုး ဒါမှမဟုတ် ၃ ဂိုးနှင့်အထက် သွင်းမှသာ အုပ်စုအဆင့်က တက်နိုင်မှာဖြစ်ပါတယ်။ ဂါနာနှင့်ပွဲမှာ ဂိုးဧရိယာအတွင်း ကာဗာနီက ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရသော်လည်း ကွင်းလယ်ဒိုင်က ပင်နယ်တီပေးခဲ့ခြင်းမရှိပါဘူး။


ဥရုဂွေးအသင်းသားတွေဟာ ပွဲအပြီးမှာတော့ ကွင်းလယ်ဒိုင်ကို ဒေါသထွက်ခဲ့ကြပါတယ်။ အက်သလက်တီကိုမက်ဒရစ် ကစားသမား ဂျီမီနက်ဇ်အပါအဝင် ကစားသမားတော်တော်များများနှင့် ကွင်းလယ်ဒိုင်တို့ဟာ ထိပ်တိုက်တွေ့ခဲ့ကြပြီး နောက်တန်းကစားသမားကိုတော့ ဒိုင်လူကြီးက အရေးယူခဲ့တာဖြစ်ပါတယ်။


အဆိုပါအဖြစ်အပျက်ဖြစ်ပြီး ရက်အနည်းငယ်အကြာမှာတော့ ဥရုဂွေးနှင့်အသင်းသားအချို့ကို စုံစမ်းမှုများ ပြလုပ်နေပါတယ်လို့ ဖီဖာက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အခုတော့ ကမ္ဘာ့ဘောလုံးအုပ်ချုပ်ရေးအဖွဲ့က အပြစ်ပေးအရေးယူမှုကို လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။


ကွင်းလယ်ဒိုင်အား ဒေါသတကြီးပြောဆိုမှုတွင်ပါဝင်ခဲ့တဲ့ ဂျီမီနက်ဇ်ဟာ ၄ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။ အက်သလက်တီကိုမက်ဒရစ်အတွက် ကံကောင်းတာက အဆိုပါ ပြစ်ဒဏ်ဟာ နိုင်ငံ့ပွဲစဉ်တွေမှာသာဖြစ်ပြီး ဒါကြောင့် သူဟာ ကလပ်အတွက်တော့ ကစားပေးနိုင်မှာဖြစ်ပါတယ်။


ပွဲအပြီးမှာ VAR မော်နီတာကို လက်သီးဖြင့်ထိုးခဲ့တဲ့ ဗလင်စီယာတိုက်စစ်မှုး ကာဗာနီကတော့ ဖီဖာရဲ့ ၁ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလိုက်ရပါတယ်။

#အက်သလက်တီကို #ဥရုဂွေး #၂၀၂၂ကမ္ဘာ့ဖလား #ဂျီမီနက်ဇ်