ရှေ့သို့
Image

လီဂူးဝမ်း ပွဲစဉ် (၂၀) ပီအက်စ်ဂျီ-ရိမ်းစ် ပွဲကြိုခန့်မှန်းချက် (နံနက် ၂:၁၅)

1:01 PM, 29 January

ဒဏ်ရာရပွဲပယ်

---------------

ပီအက်စ်ဂျီ - ကင်ပမ်ဘီ၊ ဗာရက်တီ၊ မူခီလီ (မသေချာ)

ရိမ်းစ် - သီဘော့ဒီစမတ် (မသေချာ)


အခုသီတင်းပတ်လီဂူးဝမ်းပွဲစဉ်တွေအနက် စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်ဖြစ်ပါတယ်။ ပီအက်စ်ဂျီက လီဂူးဝမ်းနောက်ဆုံးသုံးပွဲမှာ လန်းစ်နဲ့ ရန်းနက်စ်ကို ရှုံးနိမ့်ခဲ့လို့ အမှတ်ပေးချန်ပီယံဆုအတွက် ဖိအားရှိလာပါတယ်။ ပီအက်စ်ဂျီအနေနဲ့ အမှတ်ပြည့်ရရှိဖို့ ပြင်ဆင်လာမှာဖြစ်သလို အိမ်ကွင်းလည်းဖြစ်တာကြောင့် အားသာချက်အပြည့်ရှိနေပါတယ်။ ရိမ်းစ်ကတော့ အမှတ်ပေးဇယားအလယ်နားမှာရှိနေပြီး တန်းဆင်းဇုန်ဖိအားလည်း မရှိတာကြောင့် ပွဲတိုင်းကို ဖိအားကင်းကင်းနဲ့ ကျော်ဖြတ်နေပါတယ်။ ရိမ်းစ်ရဲ့ခံစစ်ပိုင်းက နောက်ဆုံးငါးပွဲမှာ တစ်ဂိုးပဲပေးထားရလို့ မာကျောမှုအပြည့်ရှိနေပါတယ်။ ဒီပွဲစဉ်မှာလည်း ခံစစ်ပိုင်းကို အာရုံစိုက်ပြီး တန်ပြန်တိုက်စစ်နဲ့ လက်ရှိချန်ပီယံတို့ကို တိုက်ခိုက်ဖို့ ရိမ်းစ်တို့ ပြင်ဆင်လာပါလိမ့်မယ်။ ကြေးအနေအထားအရ နှစ်လုံးသွင်းရင်တောင် တစ်ဝက်ပဲနိုင်မယ်ဆိုတော့ ပီအက်စ်ဂျီအတွက် အရမ်းပြင်းလွန်းပါတယ်။ ကြေးပြင်းနေတဲ့ ပီအက်စ်ဂျီပဲ အနိုင်ရသွားပါလိမ့်မယ်။

.

ပီအက်စ်ဂျီ - ရိမ်းစ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

-----------------------------------------------------------

ရိမ်းစ် ၀ - ၀ ပီအက်စ်ဂျီ (၉-အောက်တိုဘာ-၂၀၂၂)

ပီအက်စ်ဂျီ ၄ - ၀ ရိမ်းစ် (၂၄-ဇန်နဝါရီ-၂၀၂၂)

ရိမ်းစ် ၀ - ၂ ပီအက်စ်ဂျီ (၃၀-သြဂုတ်-၂၀၂၁)

ပီအက်စ်ဂျီ ၄ - ၀ ရိမ်းစ် (၁၇-မေ-၂၀၂၁)

ရိမ်းစ် ၀ - ၂ ပီအက်စ်ဂျီ (၂၈-စက်တင်ဘာ-၂၀၂၀)

.

ပီအက်စ်ဂျီ နောက်ဆုံး (၅) ပွဲရလဒ်

------------------------------

ကက်ဆယ်လ် ၀ - ၇ ပီအက်စ်ဂျီ (၂၄-ဇန်နဝါရီ-၂၀၂၃)

ရီယက်ဒ်ညွန့်ပေါင်းအသင်း ၄ - ၅ ပီအက်စ်ဂျီ (၁၉-ဇန်နဝါရီ-၂၀၂၃)

ရန်းနက်စ် ၁ - ၀ ပီအက်စ်ဂျီ (၁၆-ဇန်နဝါရီ-၂၀၂၃)

ပီအက်စ်ဂျီ ၂ - ၀ အန်ဂါးစ် (၁၂-ဇန်နဝါရီ-၂၀၂၃)

ချာတီယာရော့ဇ် ၁ - ၃ ပီအက်စ်ဂျီ (၇-ဇန်နဝါရီ-၂၀၂၃)

.

ရိမ်းစ် နောက်ဆုံး (၅) ပွဲရလဒ်

------------------------------

လက်စ်ဟာဘီယာစ် ၀ - ၃ ရိမ်းစ် (၂၁-ဇန်နဝါရီ-၂၀၂၃)

ရိမ်းစ် ၀ - ၀ နိုက်စ် (၁၅-ဇန်နဝါရီ-၂၀၂၃)

အေဂျက်စီယို ၀ - ၁ ရိမ်းစ် (၁၂-ဇန်နဝါရီ-၂၀၂၃)

လွန်ပါလာဂီ ၀ - ၇ ရိမ်းစ် (၈-ဇန်နဝါရီ-၂၀၂၃)

လိုင်လီ ၁ - ၁ ရိမ်းစ် (၂-ဇန်နဝါရီ-၂၀၂၃)


#ပွဲကြိုသုံးသပ်ချက် #ပီအက်စ်ဂျီ #လီဂူးဝမ်း #ရိမ်းစ်