ရှေ့သို့
Image

အဲဗာတန်မှ ထုတ်ပယ်ခံရတဲ့ လမ်းပတ်အတွက် မက်ဆေ့ခ်ျပေးပို့ခဲ့တဲ့ ယာဂင်ကလော့ပ်

11:08 AM, 28 January

ယာဂင်ကလော့ပ်သည် ဖရန့် လမ်းပတ်အတွက် စာနာမိကြောင်း ဝန်ခံခဲ့ပြီး ယခုအခါ အဲဗာတန်နည်းပြဟောင်းသည် ထိပ်တန်းနည်းပြတစ်ဦးအဖြစ် အနာဂတ်တွင် ရှိနေဦးမည်ဟု ယုံကြည်နေကြောင်း မက်ဆေ့ပေးပို့ကာ အားပေးခဲ့ကြောင်းသိရပါတယ်။

ချဲလ်ဆီးဂန္ထဝင်သည် လွန်ခဲ့သော ၁၂ လက အဲဗာတန်နည်းပြဟောင်း ဘင်နီတက်စ်ရဲ့ နေရာကို ဆက်ခံပြီးနောက် ပြီးခဲ့သည့်ရာသီက အဲဗာတန်ကို ရလဒ်ကောင်းအောင်ကြိုးစားပေးနိုင်ခဲ့ပါတယ်။ လမ်းပတ်သည် ပြီးခဲ့သည့်နွေရာသီတွင် ရစ်ချာလစ်ဆင်နှင့် ကလဲဗက် လီဝင်တို့ကိုရောင်းချခဲ့ပြီးနောက်ပိုင်း အဲဗာတန်အသင်းရဲ့ ရလဒ်များကို ကောင်းအောင်မစွမ်းဆောင်နိုင်ခဲ့ပဲ ယခုအခါ တန်းဆင်ဇုန်ထဲရောက်ရှိနေတာပဲဖြစ်ပါတယ်။

ပြီးခဲ့သောစနေနေ့က ဝက်စ်ဟမ်းကို ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့သောပွဲစဉ်အပြီး အဲဗာတန်အသင်းဟာ ၂၀ ပွဲကစားပြီး ၁၅ မှတ်ဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးမှ ဆောက်သမ်တန်နှင်ရမှတ်တူဂိုးကွာခြားချက်ဖြင့် အဆင့် ၁၉ နေရာတွင်ရောက်ရှိနေခဲ့ပါတယ်။ ထိုပွဲစဉ်ပြီးနောက် ၄၈ နာရီမပြည့်မီ တနင်္လာနေ့တွင် အသက် ၄၄ နှစ်အရွယ်ရှိ ဖရန့်လမ်းပတ်ဟာအသင်းမှထုတ်ပယ်ခံခဲ့ရပါတယ်။

လီဗာပူးနည်းပြဖြစ်သူ ကလော့ပ် က "ဒါက စီးပွားရေးပဲ၊မနှစ်က မလွယ်ပေမယ့် သူကောင်းကောင်းလုပ်ခဲ့တယ်။ ရစ်ချာလစ်ဆင်နဲ့ ကလဲဗက် လီဝင်တို့ကိုလည်း ဆုံးရှုံးခဲ့ရတယ်။ ဒဏ်ရာပြဿနာတွေဟာ ဒီရာသီမှာ အသင်းကို ဘယ်လိုအကျိုးသက်ရောက်စေတယ်ဆိုတာ ကျွန်တော်တို့ကောင်းကောင်းသိပါတယ်။ အလုပ်ထဲမှာ ကျနော်တို့က ဒါကို လက်ခံရမယ်။ သူပြန်လာမှာပါ၊ သူက လူငယ်နည်းပြပါ"ဟုပြောကြားခဲ့ကြောင်းသိရပါတယ်။

ကလော့ပ်ကိုယ်တိုင်ကလည်း မကြာသေးမီရက်သတ္တပတ်များအတွင်းက လီဗာပူးအသင်းရဲ့ရှုံးပွဲတွေကြောင့် ဖိအားများအောက်တွင်ရောက်ရှိနေကြောင်းသိရှိရပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်က ဘရိုက်တန်ကို အဝေးကွင်းမှာ ၃-၀ နဲ့ရှုံးနိမ့်ခဲ့ပြီး၎င်း၏သက်တမ်းတစ်လျှောက် အဆိုးရွားဆုံး စွမ်းဆောင်ရည်ဟု ဖော်ပြခဲ့ပါတယ်။ လာမယ့်အပတ်မှာ လီဗာပူးလ်အသင်းဟာ ဘရိုက်တန်နဲ့ FA ဖလားပွဲကစားရဖို့ရှိနေပါတယ်။

"ကျွန်တော်တို့ဟာ ချဲလ်ဆီးနဲ့ ပွဲတုန်းက ကစားပုံကောင်းမွန်ခဲ့ပါတယ်။ ပထမပိုင်းမှာကျွန်တော်တို့ဟာ စီစဉ်ထားတဲ့အတိုင်း ကစားနိုင်ခဲ့ပြီး သူတို့ကိုအခွင့်အရေးတွေအများကြီးမပေးခဲ့ပါဘူး။ ဒါကို ဘရိုက်တန်နဲ့ပွဲမှာ ကျွန်တော်တို့ထပ်လုပ်ရမှာပေါ့။ ဘရိုက်တန်နဲ့ထပ်ကစားရမယ့်ပွဲက ပြီးခဲ့တဲ့နှစ်ပတ်ကရလဒ်နဲ့ မတူအောင်လုပ်ပြဖို့ အားဆုံးအဆင်သင့်ဖြစ်နေပြီထင်ပါတယ်။ ဘရိုက်တန်က တကယ်ကောင်းတဲ့အသင်းပါ။ ကျွန်တော်တို့က သူတို့ထက်ပိုကောင်းအောင်လုပ်မှာပါ" ဟုကလော့ပ်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #အဲဗာတန် #လမ်းပတ် #ကလော့ပ် #ပရီးမီးယားလိဂ်