ရှေ့သို့
Image

ချဲလ်ဆီးက ဈေးသတ်မှတ်ပေးတာကြောင့် ဇီယက်ခ်ျကို ရိုးမားထံ ခေါ်ယူဖို့ လိုလားနေတဲ့ မော်ရင်ဟို

10:57 AM, 28 January

မော်ရင်ဟို၏ ရိုးမားအသင်းသည် မော်ရိုကိုလက်ရွေးစင်ဇီယက်ချ်ကို ခေါ်ယူရန် စိတ်ဝင်စားကြောင်း ဖော်ပြလာပြီးနောက် ချဲလ်ဆီးအသင်းသည် ၎င်းကစားသမားအတွက်တောင်းဆိုသည့်စျေးနှုန်းကို သတ်မှတ်လိုက်ကြောင်းသိရပါတယ်။

ဇီယက်ချ်သည် ၂၀၂၀ ခုနှစ်တွင် အေဂျက်စ်မှ ပေါင် ၃၃ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် စတန်းဖိုဒ်ဘရစ်ချ်တွင် အဆင်မပြေဖြစ်နေပါတယ်။  အသက် ၂၉ နှစ်အရွယ် ကစားသမားသည် အေဂျက်စ်အား လိဂ်ချန်ပီယံဆုနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို ရောက်ရှိအောင် ကူညီပေးခဲ့သော်လည်း အနောက်လန်ဒန်တွင် ၎င်းရဲ့ထိပ်တန်းခြေစွမ်းကို မပြနိုင်ခဲ့ပေ။

ဂရေဟမ်ပေါ်တာနှင့် သောမတ်တူချယ်တို့ လက်အောက်တွင် ယခုရာသီ ပရီးမီးယားလိဂ် လေးပွဲသာ ကစားခဲ့ရသည့် ဇီယက်ချ်ကို မန်နေဂျာအများစုက လျစ်လျူရှုခဲ့ကြပါတယ်။ ၎င်း၏ ပွဲကစားချိန်နည်းပါးမှုကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ချဲလ်ဆီးမှထွက်ခွာရန် ဇီယက်ချ်က ဖွင့်ဟနေပြီး နယူးကာဆယ်နှင့် အက်စတွန်ဗီလာတိုကဲ့သို့အသင်းများနှင့် ၎င်းတောင်ပံကစားသမားဟာ ချိတ်ဆက်မှုများ ရှိနေကြောင်းသိရပါတယ်။

အီတလီအားကစားဂျာနယ်လစ်တစ်ဦးက အီတလီကလပ် ရိုးမားအသင်းဟာ နီကိုလို ဇာနီအိုလို ထွက်ခွာဖွယ်ရှိတဲ့အတွက် ကြိုတင်ပြင်ဆင်နေပြီး ဇီယက်ချ်ကို ခေါ်ယူဖို အပြိုင်အဆိုင် ရောက်ရှိလာတယ်လို သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ဇီယက်ချ်အတွက် ယူရိုသန်း ၂၀ (ပေါင် ၁၇.၅ သန်း) တောင်းခံနေပြီး ရိုးမားရဲ့စီးရီးအေပြိုင်ဘက် အေစီမီလန်နဲ့လည်း ခေါ်ယူဖို ဆက်သွယ်ထားတယ်လို့သိရပါတယ်။

ဇီယက်ချ်သည် ချဲလ်ဆီးတွင် ရုန်းကန်ခဲ့ရသော်လည်း မော်ရိုကိုအသင်းကို ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်သည့် ပထမဆုံး အာဖရိကနိုင်ငံဖြစ်လာစေရန် အံ့အားသင့်ဖွယ်ကြိုးစားအားထုတ်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးကြယ်ပွင့်ဟောင်း ရုဒ်ဂါလစ် သည် ဇီယက်ခ်ျကို ဘာစီလိုနာကဲ့သို ကလပ်တွင် 'ထိပ်တန်းကစားသမား' ဖြစ်လာနိုင်သည်ဟု ယုံကြည်နေကြောင်း အကဲဖြတ်ခဲ့ပါတယ်။

ရုဒ်ဂါလစ်က "မော်ရိုကိုအတွက် ဇီယက်ခ်ျကစားပုံနဲ့ ချဲလ်ဆီးအသင်းအတွက် ကစားပေးတာကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး။ ချဲလ်ဆီး က သူ့ကိုတခါတရံသူ့နဲ့ မသင့်တော်တဲ့ရာထူးမှာထားခဲ့တယ်လို့ထင်ပါတယ်။ သူက ညာခြမ်းမှာ ကစားဖို့ပဲလိုတယ်။ ကျွန်တော် သူ့ကို စပိန်မှာတွေ့ချင်ပါတယ်။ အောင်မြင်နိုင်ဖို့ အလားအလာရှိတဲ့သူပါ။ သူက ဘာစီလိုနာအသင်းနဲ့လည်း အံဝင်ခွင်ကျဖြစ်မှာပါ” ဟုပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းသည် ပြီးခဲ့သည့်နွေရာသီက ပေါင်သန်း ၂၅၀ ကျော်နှင့် ယခုလတွင် ပေါင်သန်း ၂၀၀ နီးပါးအသုံးပြုကာ အသင်းအားပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် စိတ်အားထက်သန်လျက်ရှိနေကြောင်းသိရပါတယ်။ ချဲလ်ဆီးအသင်းသည် ပရီးမီးယားလိဂ်တွင် အဆင့် (၁၀) နေရာတွင် ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းများနှင့် ၁၀မှတ်ကွာခြားလျက်ရှိနေပါတယ်။

အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာပြီးနောက် ချဲလ်ဆီးအသင်းသည် လာမည့်သောကြာနေ့တွင် အနောက်လန်ဒန်ပြိုင်ဘက် ဖူလ်ဟမ်အသင်းနှင့် ပြန်လည်ကစားရမှာပဲဖြစ်ပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #မော်ရင်ဟို #ဇီယက်ချ်