ရှေ့သို့
Image

စီနီယာအသင်းအစား အဲဗာတန် ယူ-၂၁ အသင်းကို ကိုင်တွယ်ရန် ကမ်းလှမ်းခံခဲ့ရတဲ့ ဘီယဲလ်ဆာ

10:55 AM, 28 January

ဘီယဲလ်ဆာသည် ရာသီကုန်အထိ အဲဗာတန်၏ ယူ-၂၁ အသင်းနှင့် လက်တွဲကာ ပထမအသင်းနည်းပြဖြစ်လာရန် ဆန္ဒရှိနေကြောင်းသိရှိရပါတယ်။ ဖရန့်လမ်းပတ် ထွက်ခွာသွားပြီးနောက် လစ်လပ်နေသော အဲဗာတန်နည်းပြ ရာထူးအတွက် ဖေဖော်ဝါရီတွင် လိဒ်မှ ထုတ်ပယ်ခံခဲ့ရသည့် အသက် ၆၇ နှစ်အရွယ် အာဂျင်တီးနားသားနည်းပြဟာ ချိတ်ဆက်မှုများစွာ ရှိနေတာပဲဖြစ်ပါတယ်။

ဘရာဇီးမှ လီဗာပူးလ်သို့ ၁၀ နာရီကြာ လေယာဉ်စီးပြီးနောက်၊ သူသည် အဲဗာတန်ကလပ်၏ အုပ်ချုပ်သူများနှင့် အချိန်အကြာကြီးဆွေနွေးခဲ့ကြောင်း The Timesက ဖော်ပြခဲ့ပါတယ်။ ဤဆွေးနွေးမှုများတွင် ဘီယဲလ်ဆာက အသင်းအတွက် ၎င်း၏နည်းလမ်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် အချိန်ခုနစ်ပတ်လိုအပ်သည်ဟု ပြောကြားခဲ့ပါတယ်။ ၎င်းအကြံပြုချက်မှာ ပထမအသင်းကြီးအား ချက်ချင်းအကျိုးသက်ရောက်မှုရှိစေရန် ခက်ခဲလိမ့်မည်ဟူသော အကြံပြုချက်ဖြစ်ပါတယ်။

အဆိုပြုချက်ကို 'အလုပ်မဖြစ်ဘူး' ဟု မှတ်ယူပြီးနောက် ဘီယဲလ်ဆာ သည် သူနှင့်အတူ ဝန်ထမ်းရှစ်ဦးကို ခေါ်ဆောင်ကာ U21 နှင့် ၂၀၂၂-၂၀၂၃ ရာသီကုန်အထိ အကယ်ဒမီနှင့် အလုပ်တွဲလုပ်လိုကြောင်းသိရှိရပါတယ်။ ဘီယဲလ်ဆာသည် အဲဗာတန်အသင်းပိုင်ရှင် ဖာဟက်မိုရှီရီ ၏ စိတ်ကြိုက်ရွေးချယ်မှုဖြစ်ကြောင်း သိရှိရပြီး အာဂျင်တီးနားသားနည်းပြသည် ရာထူးတက်ကာ ပထမအသင်းနည်းပြဖြစ်လာသော်လည်း တန်းဆင်းရန်ခြိမ်းခြောက်ခံနေရသော အဲဗာတန်ကိုကိုင်တွယ်ရန် အကြံပြုချက်ကို ပယ်ချခဲ့ပါတယ်။

အဲဗာတန်ဟာ  ၁၉၅၃-၅၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်ရဲ့ ဒုတိယတန်းမှာ ကစားရမယ့် အလားအလာကို ရင်ဆိုင်နေရပါတယ်။ ၎င်းတိုသည် ပွဲ ၂၀တွင်၃ ပွဲသာ အနိုင်ရပြီးနောက် အဆင့် ၁၉ တွင် ရပ်တည်နေပါတယ်။ The Times ကလည်း ဘန်လေနည်းပြဟောင်း ရှောင်ဒိုက်ချ် ကို နောက်ထပ် အဲဗာတန်နည်းပြအဖြစ် ခန့်အပ်ရန် စီစဉ်ထားပြီး ယနေ့ သောကြာနေ့ အစောပိုင်းတွင် ဖြစ်နိုင်သည်ဟုဆိုပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ ရိုမာနို သည် ရှောင်ဒိုက်ချ်နှင့်သဘောတူညီမှုရရှိရန် နီးကပ်လာပြီဖြစ်ကြောင်း အတည်ပြုရန် သောကြာနေ့နံနက်တွင် နောက်ဆုံးအသေးစိတ်အချက်အလက်များကို 'စီစစ်နေသည်'ဟုTwitter တွင်ဖော်ပြခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ်ရှိ ချက်စတာဖီးလ်နှင့် ဝက်ဖိုဒ်နောက်ခံလူဟောင်း ဟာ ဂွတ်ဒီဆင်ပတ်ခ် တွင် နှစ်နှစ်ခွဲစာချုပ်ကို လက်မှတ်ရေးထိုးဖွယ်ရှိနေပါတယ်။

ယခုသီတင်းပတ်အစောပိုင်းတွင် အဲဗာတန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီသည်လည်း ဖရန့်လမ်းပတ်၏ နေရာတွင် အစားထိုးရန် ကမ်းလှမ်းခံရသူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အဆိုပါကမ်းလှမ်းခံရသောနည်းပြစာရင်းတွင် မကြာသေးမီက လိဂ်ဝမ်းကလပ် ဖိုရတ်စ်ဂရင်း၏ မန်နေဂျာအဖြစ် ခန့်အပ်ခံရသော ဒန်ကန်ဖာဂူဆန်၊ ဒေးဗစ်မိုရက်စ်၊ နူနိုအက်စပီရီတိုဆန်တိုနှင့် တော်ဖီးနောက်ခံလူဟောင်း လီတန်ဘိန်းစ်တို့လည်းပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။

#အဲဗာတန် #လိဒ်စ်ယူနိုက်တက် #အပြောင်းအရွှေ့ #ဘီယဲလ်ဆာ