ရှေ့သို့
Image

အပြောင်းအရွှေ့ကာလမှာ အာတီတာရဲ့ နံပါတ်တစ်ဦးစားပေး ကစားသမားဖြစ်လာတဲ့ ချီဆာ

1:58 PM, 27 January

အာဆင်နယ်အသင်းနည်းပြဖြစ်သူ အာတီတာက ဂျူဗင်တပ်စ် ကြယ်ပွင့် ချီဆာကိုခေါ်ယူရန်သည် ၎င်း၏ နံပါတ်တစ်ရည်မှန်းချက်ဖြစ်ကြောင်း နောက်ဆုံးသတင်းများအရ သိရှိရပါတယ်။

ဂန်းနားအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပြီး ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးထက် ငါးမှတ်အသာနဲ့ ရပ်တည်နေပြီး တစ်ရာသီလုံး လိဂ်ပွဲတစ်ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ရန်အတွက် အာတီတာသည် ယခုအပြောင်းအရွှေ့ကာလ ကစားသမား ခေါ်ယူမှုများတွင် စိတ်ဓါတ်တက်ကြွစွာဖြင့် ကြိုးပမ်းနေကြောင်းသိရှိရပါတယ်။

အာဆင်နယ်အသင်းသည် ဘရိုက်တန်မှ လီအန်ဒရိုထရိုဆတ်နှင့် စပစ်ဇီယာ မှ ယာကုဗ် ကီဝီယာတို့ကို ခေါ်ယူထားပြီးဖြစ်သော်လည်း ရီးရဲလ်ဗယ်လာဒိုလစ်၏ အိုင်ဗန်ဖရက်စနေဒါကို ခေါ်ယူရန် အဆင်မပြေဖြစ်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။ လာမယ့်အင်္ဂါနေ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်မှာ ဂန်းနားတွေဟာ နောက်ထပ်ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး အဲဗာတန်ရဲ့  အိုနာနာနဲ့ ဆိုစီဒက်မှ မာတင်ဇူဘီမန်ဒီတို့ကိုချိတ်ဆက်ထားကြောင်း အာတီတာက ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းအတွက် စိတ်လှုပ်ရှားမှု အဖြစ်နိုင်ဆုံးကတော့ အီတလီ လက်ရွေးစင် ချီဆာ ရဲ့ အပြောင်းအရွှေ့ ဖြစ်မှာပါ။ အီတလီမီဒီယာများသည် အာတီတာက အသက် ၂၅နှစ်အရွယ် ဂျူဗင်တပ်စ် ကြယ်ပွင့် ချီယေဆာကို ခေါ်ယူရန်မှာ ၎င်း၏ နံပါတ်တစ်ရည်မှန်းချက်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းသည် ၎င်းတို့၏ ကစားသမားအပြောင်းအရွှေ့ကိစ္စများနှင့် ပက်သက်ပြီးစုံစမ်းစစ်ဆေးခံရပြီးနောက် ၁၅ မှတ်လျှော့ခံထားရကြောင်းသိရှိရပါတယ်။ ဘယ်လိုစွပ်စွဲချက်မျိုးမဆို ငြင်းဆိုထားပြီးအယူခံဝင်ရန် အစီအစဉ်ရှိနေသည့် ဂျူဗင်တပ်စ်အသင်းသည် ကစားသမားအပြောင်းအရွှေ့ကြေးများကိုမြှင့်တင်ပြီး ကလပ်အသင်း၏ ငွေစာရင်းရှင်းတမ်းများကို ပြင်ဆင်ထားကြောင်း စွပ်စွဲခံထားရပါတယ်။

ဂျူဗင်တပ်စ်သည် နွေရာသီတွင် ရောင်းချရန် ဖိအားပေးခံရနိုင်ခြင်းကြောင့် အာဆင်နယ်သည် ၎င်းတို့၏ စိတ်ဝင်စားနေသောကစားသမား ချီယေဆာ ကိုခေါ်ယူရန် ကမ်းလှမ်းထားကြောင်းသိရှိရပါတယ်။
ယူရို ၂၀၂၀ ရဲ့ချန်ပီယံ အီတလီအသင်းမှာပါဝင်ခဲ့တဲ့ ချီယေဆာဟာကမ္ဘာပေါ်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး တောင်ပံကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး ဒဏ်ရာပြဿနာများကြောင့် ယခုရာသီ စီးရီးအေတွင် ခြောက်ကြိမ်သာ ကစားထားပြီး ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ထားကြောင်းသိရှိရပါတယ်။

သို့သော်လည်း အဆိုပါကစားသမားသည် ယခင်က ပရီးမီးယားလိဂ်မှ စိတ်ဝင်စားမှုများရှိခဲ့ပြီး ဂျူဗင်တပ်စ်က မခေါ်ယူမီ လီဗာပူးသို့ ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိခဲ့တာပဲဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #အပြောင်းအရွှေ့ #ချီဆာ