ဆော်ဒီအလံဒီဇိုင်းနဲ့ ဒေါ်လာ ၇၈၀၀၀၀ တန် နာရီအသစ်တစ်လုံး ဝယ်ထားတဲ့ ရော်နယ်ဒို
3:26 PM, 26 January
ခရစ္စတီယာနိုတစ်ယောက် နာရီအသစ်တစ်လုံး ဝယ်ယူထားပြီး အဆိုပါနာရီက ဆော်ဒီအာရေဘီယာအလံရဲ့ ဒီဇိုင်းကိုမှီငြမ်းထားသလို တန်ဖိုးကလည်း ဒေါ်လာ ၇၈၀၀၀၀ တန်ကြေးရှိတယ်လို့ သိရပါတယ်။ ဘောလွန်းဒီအော် ၅ ကြိမ်ရကစားသမားကြီးဟာ တစ်နှစ်ကို ပေါင် ၁၇၅ သန်း ရရှိမယ့် တန်ဖိုးကြီးမားလှတဲ့ စာချုပ်တစ်ရပ်ကို ဆော်ဒီပရိုလိဂ် အဆင့်တစ်က အယ်နာဆာအသင်းနဲ့ ချုပ်ဆိုကာ ဆော်ဒီမှာ ပြောင်းရွှေ့ကစားနေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုတစ်ယောက် သူ့ကစားနေတဲ့ နိုင်ငံက ဘယ်တိုက်ထဲမှာ ရှိမှန်းမသေးပဲ တောင်အာဖရိကလို့ ပြောခဲ့ဖူးပေမယ့်လည်း ဝတ်ထားတဲ့နာရီကတော့ လုံးဝကို ဆော်ဒီနိုင်ငံရဲ့ ဒီဇိုင်းနဲ့ဖန်တီးထားတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ Jacob & Co ရဲ့ အမှတ်တံဆိပ် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး Caviar Flying Tourbillon နာရီရဲ့ အထူးထုတ်အဖြစ် ရွှေဖြူ ၁၈ ကာရက်၊ ၄၇ မီလီမီတာ x ၁၅.၈၅ မီလီမီတာ Caviar case ဒီဇိုင်းပေါ်မှာ အစိမ်းရောင် Tsavourite သလင်းကျောက် ၃၈၈ လုံးနဲ့ စီချယ်ထားပါတယ်။ အဆိုပါကျောက်လေးတွေးဟာ မြထက်တောင် အဆ ၂၀၀ လောက် ပိုရှားပေမယ့် မြလောက်တော့ ဈေးမကြီးပါဘူး။
အစိမ်းရောင်ဟာ ဆော်ဒီအလံရဲ့အရောင်ဖြစ်သလို တမန်တော် မိုဟာမက်နဲ့လည်း ဆက်နွယ်မှုတွေရှိတာကြောင့် အစ္စလာမ်ဘာသာရဲ့ အရေးပါတဲ့ အရောင်ဖြစ်ပါတယ်။ နာရီရဲ့ စက်ပိုင်းကိုတော့ JCAA43 ရဲ့ လှုပ်ရှားမှုနဲ့ အစိတ်အပိုင်းပေါင်း ၂၁၆ ခု၊ တန်ဖိုးကြီးရတနာ ၂၇ ခုနဲ့ ၄၂ နာရီ အရန်ပါဝါလည်း ထည့်သွင်းထားပါတယ်။ အဆိုပါနာရီရဲ့ လက်လီဈေးနှုန်းကတော့ ပေါင် ၆၃၀၀၀၀ ဖြစ်ပေမယ့် ရော်နယ်ဒိုပတ်ထားတဲ့ နာရီကတော့ အထူးထုတ်နာရီဖြစ်ပြီး Riyadh မြို့ကို သွားတဲ့လေယာဉ်ပေါ်မှာ ဝတ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။