ရှေ့သို့
Image

အာဆင်နယ်ရဲ့ ချန်ပီယံဆုအောင်ပွဲမှာ အူဘာမီယန်း ပါဝင်ချင်နေကြောင်း ပီတစ် ဖွင့်ဟ

2:50 PM, 26 January

အာဆင်နယ်ဂန္ထဝင်ဟောင်း ပီတစ်က အူဘာမီယန်းတစ်ယောက် ချဲလ်ဆီးမှာ ရုန်းကန်နေရမယ့်အစား အာဆင်နယ်ရဲ့ချန်ပီယံဆုအောင်ပွဲခံမှုမှာ ပါဝင်ချင်နေကြောင်း ပြောကြားလိုက်ပါတယ်။

အူဘာမီယန်းဟာ အာဆင်နယယ်မှာ ၄ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အသင်းအတွက် ၁၆၃ ပွဲမှာ ၉၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ အသင်းကို အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂါဘွန်သားတစ်ယောက် အာတီတာနဲ့ အဆင်မပြေဖြစ်ခဲ့ပြီး ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်းဟာ ဘာစီလိုနာကိုပြောင်းခဲ့ပေမယ့် ၆ လပဲ ဖြတ်သန်းခဲ့ရပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက ချဲလ်ဆီးကို ရောင်းချခြင်းခံခဲ့ရပါတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက်ပြသနေပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေကာ ချဲလ်ဆီးကတော့ အဆင့် ၁၀ နဲ့ အူဘာမီယန်းက ၁၇ ပွဲမှာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုး ၃ ဂိုးစလုံးဟာ အောက်တိုဘာလတုန်းက သွင်းယူခဲ့တာဖြစ်ပြီး ပီတစ်က အူဘာတစ်ယောက် အာဆင်နယ်ရဲ့ချန်ပီယံဆုအောင်ပွဲခံမှုမှာ ပါဝင်ချင်နေတယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော် ရာသီအစကပြောသလို သူ့ကိုဝယ်ချိန်မှာ panic buy လို့ ပြောခဲ့ပါတယ်။ အူဘာမီယန်းက ထိပ်တန်းတိုက်စစ်မှူးတစ်ဦးပါ။ ဒါပေမယ့် သူက အသုံးမဝင်သလိုဖြစ်နေပါတယ်။ သူ့ရဲ့စိတ်အားထက်သန်မှု ပျောက်ဆုံးနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဂျီးဆပ်စ်နဲ့ အန်ကီတီယာတို့ ဘာလုပ်နေလဲဆိုတာကြည့်ပါ။ မှန်ကန်တဲ့အာရုံစူးစိုက်မှုရှိတယ်ဆိုရင် သူ့အနေနဲ့ ဒီအသင်းရဲ့အစိတ်အပိုင်းအဖြစ်ပါဝင်နေမှာပါ။ ချဲလ်ဆီးက အခုတော်တော်အခြေအနေဆိုးနေပြီး တခုခုမှားနေတယ်လို့ ထင်ပါတယ်။ လက်ရှိအချိန်မှာလည်း ချဲလ်ဆီးအသင်းမှာ ကောင်းကောင်းကစားနိုင်တဲ့ကစားသမားမရှိပါဘူး။ မေဆင်မောင့်တောင် ရုန်းကန်နေရပါတယ်”လို့ ပီတစ်က ပြောကြားခဲ့ပါတယ်။

အူဘာမီယန်းဟာ အန်ဖီးလ်မှာ လီဗာပူးကို ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခဲ့တာဖြစ်ပြီး ပေါ်တာရဲ့ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၁၀ မှတ်အထိ ကွာဟနေပါတယ်။ လီဗာပူး အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဝေးကွာနေဆဲဖြစ်ကာ ရလဒ်တွေလည်း ဆိုးဝါးနေဆဲဖြစ်ပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #အူဘာမီယန်း #ပီတစ် #ပရီးမီးယားလိဂ်