ရှေ့သို့
Image

မက်ကန်နီရဲ့ နေရာကို အစားထိုးမယ့် ကစားသမားကို ရှာဖွေပြီးသားဖြစ်တဲ့ ဂျူဗင်တပ်စ်

1:39 PM, 26 January

ဂျူဗင်တပ်စ်အသင်းဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ခေါ်ယူဖို့ ကြိုးစားနေတဲ့ အမေရိကန် ကွင်းလယ်ကစားသမား ဝက်စ်တန်မက်ကန်နီကို ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။ ရှော်လ်ကေး ကြယ်ပွင့်ဟောင်းဟာ ဂျူဗင်တပ်စ်အတွက် မကြာသေးခင်အချိန်ထိ ပွဲထွက်ကစားခွင့်တွေ ရရှိခဲ့ပေမယ့်  အသင်းကတော့ ကစားသမားရဲ့ခြေစွမ်းပေါ်မှာ သိပ်ပြီးအားမရတာကြောင့် သင့်တော်တဲ့ ဈေးတစ်ခုနဲ့ ရောင်းထုတ်ဖို့ ဆန္ဒရှိနေပါတယ်။

လိဒ်စ်ယူနိုက်တက်၊ အာဆင်နယ်နဲ့ အက်စတွန်ဗီလာတို့က ကွင်းလယ်ကစားသမား ချိတ်ဆက်နေကြပြီး ၂၄ နှစ်အရွယ် ကစားသမားရဲ့နေရာကို ချက်ချင်းအစားထိုးဖို့အတွက်လည်း ဂျူဗီတာဝန်ရှိသူတွေက ပြင်ဆင်ထားပါတယ်။ သတင်းတွေအရတော့ ဂျူဗင်တပ်စ်ဟာ အတ္တလန္တာ ကွင်းလယ်လူ ဂျိုအာကင်မယ်ဟီလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မက်ကန်နီအသင်းကနေ ထွက်တာနဲ့တစ်ပြိုင်တည်း ဒိန်းမတ်သားကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

မက်ကန်နီဟာ ပရိသတ်အကြိုက် ကစားသမားတစ်ယောက် မဖြစ်ခဲ့ပေမယ့် ပွဲထွက်ကစားသမားအဖြစ်တော့ ဂျူဗီမှာ ကစားခွင့်တွေ ရရှိခဲ့ပါတယ်။ မယ်ဟီလ်ကတော့ စီးရီးအေမှာ ပုံမှန်ခြေစွမ်းကို ထိန်းထားနိုင်တဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး အကောင်းဆုံး အစားထိုးမှုတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ တူရင်ကိုသာ ပြောင်းလာမယ်ဆိုရင် အမြန်ဆုံး အထိုင်ကျနိုင်တဲ့ ကစားသမားအဖြစ်လည်း သတ်မှတ်လို့ရပါတယ်။

အတ္တလန္တာအတွက်လည်း အစားထိုးကစားသမား ရှာဖွေဖို့ လိုအပ်လာပေမယ့် အသင်းက ဘယ်ကစားသမားကိုမှတော့ ဈေးပေါပေါနဲ့ ရောင်းထုတ်လေ့မရှိပါဘူး။

#ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #အမေရိကန် #ကန်နီ