ရှေ့သို့
Image

အန်တိုနီဂေါ်ဒွန်ကို ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ နယူးကာဆယ်

10:52 AM, 25 January

နယူးကာဆယ်အသင်းဟာ အဲဗာတန် တောင်ပံကစားသမား အန်တိုနီဂေါ်ဒွန်ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီဖြစ်ပြီး တရားဝင်ဆွေးနွေးမှုတွေ ပြုလုပ်ပြီးပြီဖြစ်ကြောင်း သိရပါတယ်။

ချဲလ်ဆီးအသင်းကလည်း ပြီးခဲ့တဲ့နွေရာသီတုန်းက ဂေါ်ဒွန်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပေါင်၄၅သန်းတန် ကမ်းလှမ်းချက်ကို အဲဗာတန်က ပယ်ချခဲ့ပြီး ပေါင်သန်း၅၀ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ၂၁နှစ်သားဟာ ချဲလ်ဆီး စိတ်ဝင်စားနေတုန်းက အသင်းအတွက် ဂိုးတွေ သွင်းယူထားခဲ့ပေမယ့် အဲ့ဒီအချိန်နောက်ပိုင်း နည်းပြ လမ်းပတ်နဲ့ ပြဿနာဖြစ်ပွားကာ ပွဲထွက်ခွင့်သိပ်ရတော့ဘဲ သွင်းဂိုးလည်း တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ယခုအချိန်မှာတော့ လမ်းပတ်ဟာ ရလဒ်ဆိုးတွေကြောင့် အဲဗာတန်နဲ့ လမ်းခွဲလိုက်ပြီးနောက်ပိုင်း ကစားသမားအချို့ရဲ့ အနာဂတ်ဟာလည်း မတည်မငြိမ် ဖြစ်လာခဲ့ပါတယ်။ ကွင်းလယ်လူ အိုနာနာကို ချဲလ်ဆီးနဲ့ အာဆင်နယ်က ခေါ်ယူဖို့ ကြိုးစားနေသလို ခေါ်ယူထားတဲ့ တောင်ပံကစားသမား ဒန်ဂျူမာကလည်း တော့တင်ဟမ်ကိုပြောင်းဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

ယခုအချိန်မှာလည်း အဓိက ကစားသမားဖြစ်တဲ့ ဂေါ်ဒွန်ကို နယူးကာဆယ်က ခေါ်ယူဖို့ ကြိုးစားလာတာကြောင့် နောက်ထပ်အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒါပေမယ့် နယူးကာဆယ်ဟာ ဂေါ်ဒွန်အပြင် အခြားဥရောပကလပ်တွေက တောင်ပံကစားသမားတွေကိုလည်း ရွေးချယ်စရာတစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

ချဲလ်ဆီးအသင်းကတော့ မာဒရစ်ခ်ကို ယူရိုသန်း၁၀၀အထိပေးကာ ခေါ်ယူထားခဲ့တာကြောင့် နောက်ထပ်တောင်ပံလူတစ်ဦးဖြစ်တဲ့ ဂေါ်ဒွန်ကို ခေါ်ယူဖွယ်မရှိတော့ပါဘူး။

#ချဲလ်ဆီး #အဲဗာတန် #နယူးကာဆယ် #အပြောင်းအရွှေ့ #ဂေါ်ဒွန်