ရှေ့သို့
Image

အဲဗာတန် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဘီယဲလ်ဆာ

11:35 AM, 24 January

၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ အဲဗာတန်က ယမန်နေ့မှာပဲ နည်းပြ လမ်းပတ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။ လက်ရှိဘောလုံးရာသီမှာ ရုန်းကန်နေရတဲ့ ဘုန်းမောက်ကို သီတင်းပတ်တစ်ခုအတွင်း နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့မှု အပါအဝင် ပရီးမီးယားလိဂ်နောက်ဆုံးသုံးပွဲဆက် ဘရိုက်တန်၊ ဆောက်သမ်တန်၊ ဝက်စ်ဟမ်းတို့ကို ရှုံးနိမ့်ခဲ့မှုတွေက အဲဗာတန်နည်းပြလမ်းပတ်ကို ရာထူးမှထုတ်ပယ်ဖို့ လုံလောက်စေခဲ့ပါတယ်။

Daily Mail သတင်းဌာနရဲ့အဆိုအရ နည်းပြဟောင်းလမ်းပတ်ရဲ့နေရာအတွက် ဝါရင့်နည်းပြဘီယဲလ်ဆာကို တာဝန်ပေးအပ်သွားဖို့ အဲဗာတန်တာဝန်ရှိသူတွေ အဓိကထားကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဘီယဲလ်ဆာရဲ့ အားပါပြင်းထန်တဲ့ကစားပုံက အဲဗာတန် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာ သေချာပါတယ်။

အာဂျင်တီးနားလူမျိုးနည်းပြက သူ့ရဲ့ကစားသမားတွေဆီမှ တောင်းဆိုမှုတွေ များပြားလေ့ရှိပြီး လက်ရှိအဲဗာတန်အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းကလည်း ညံ့ဖျင်းနေတာကို မြင်တွေ့ထားရပါတယ်။ ဘီယဲလ်ဆာရဲ့တောင်းဆိုမှုတွေအပေါ် အဲဗာတန် ကစားသမားတွေ ဖြည့်ဆည်းပေးနိုင်မလားဆိုတာ သီးခြားကဏ္ဍတစ်ခုဖြစ်ပြီး လက်ရှိအဲဗာတန်အသင်းလူစာရင်းက ဘီယဲလ်ဆာရဲ့တောင်းဆိုမှုတွေနဲ့ လိုက်လျောညီထွေဖြစ်မလားဆိုတဲ့ သံသယတွေလည်း ရှိနေပါတယ်။

ကယ်လ်ဗတ်လီဝင်၊ မီနာတို့လို ကစားသမားတွေမှာ ဒဏ်ရာမှတ်တမ်းဆိုးရှိနေတာကြောင့် ဘီယဲလ်ဆာရဲ့ ပြင်းထန်တဲ့လေ့ကျင့်ရေးအစီအစဉ်တွေက ဒီလိုကစားသမားတွေအတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။

#အဲဗာတန် #လမ်းပတ် #အပြောင်းအရွှေ့ #ဘီယဲလ်ဆာ