ရှေ့သို့
Image

နယူးကာဆယ်အသင်း ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ရောက်ရှိခြင်းက လုံလောက်မှုမရှိပါဘူးလို့ အက်ဒီဟိုဝီဆို

9:29 AM, 24 January

ကာရာဘောင်ဖလားပွဲအတွက် ဆောက်သမ်တန်နှင့် ရင်ဆိုင်ရန် ပြင်ဆင်နေချိန်တွင် ဆီမီးဖိုင်နယ်သို့ ရောက်ရှိခဲ့ခြင်းက မလုံလောက်မှုမရှိကြောင်း နယူးကာဆယ်ယူနိုက်တက်နည်းပြ အက်ဒီဟိုဝီက ပြောကြားလိုက်ပါတယ်။

လက်စတာစီးတီးကို အနိုင်ရရှိပြီးနောက် နယူးကာဆယ်သည် ၄၇ နှစ်အတွင်း ပထမဦးဆုံး လိဂ်ဖလားဆီမီးဖိုင်နယ်သို ရောက်ရှိခဲ့ပြီး မန်စီးတီးကို အနိုင်ရရှိခဲ့တဲ့ ဆောက်သမ်တန်နှင့်တွေ့ရင်ဆိုင်ရန် ပြင်ဆင်နေတာဖြစ်ပါတယ်။ နယူးကာဆယ်ဟာ အင်္ဂါနေ့တွင် ပထမအကျော့အတွက် တောင်ဘက်ကမ်းခြေဘက်သို့ သွားရောက်ရမှာဖြစ်ပြီး ၆၈ နှစ်အတွင်း ပထမဆုံး ဆုဖလားရရှိဖို့ ရည်ရွယ်ထားကာ ဆီမီးဖိုင်နယ်သို့ ရောက်ရှိရုံဖြင့် လုံလောက်ခြင်းမရှိဟု ဟိုဝီက ယုံကြည်နေတာဖြစ်ပါတယ်။

"ဒီအဆင့်ထိရောက်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်၊ ဒါပေမယ့် ဆီမီးဖိုင်နယ်ကတော့ မလုံလောက်ပါဘူး၊ ဘယ်သူ့အတွက်မှ မလုံလောက်ဘူးလို ကျွန်တော်ထင်ပါတယ်" "ဒီလိုပွဲတွေကို ကစားရပြီဆိုရင် ဆီမီးဖိုင်နယ်သို့ ရောက်တာက ဘာမှမဟုတ်ပါဘူး၊ နောက်ဆုံးတော့ နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ချင်မှာပါ၊ ကစားသမားတွေလည်း အဲ့ဒီလိုခံစားရမယ်ဆိုတာ ကျွန်တော်သိပါတယ်"

“ကျွန်တော်နဲ့ ကျွန်တော့်ရဲ့နည်းပြအဖွဲ့ဟာ ဖိုင်နယ်သို့ ရောက်ဖို့ စိတ်အားထက်သန်နေတယ်လို့ ထင်ပါတယ်။ ဒီနှစ်ပွဲကိုသာ အကောင်းဆုံးကစားရမှာဖြစ်ပြီး ကျွန်တော်ပြောသလိုပဲ အရမ်းကိုခက်ခဲမှာပါ" “ဒီပွဲကို ပရိသတ်တွေ အတွက် ကစားပေးမှာဖြစ်ပြီး  ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံဖြင့် ကစားပေးမှာဖြစ်တယ်လို့ အာမခံပါတယ်" “ဒီအဝေးကွင်းပွဲက လာရောက်ကြည့်မှုမယ့် ပရိသတ်တွေ အတွက် ကောင်းတဲ့ပွဲဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ လူတိုင်းက ဒီပွဲကို ကြည့်ခွင့်ရမှာပါ" “အိမ်ကွင်းပွဲကတော့ အရမ်းထူးခြားတဲ့ညဖြစ်မှာပါ၊ ကျွန်တော်တို့ရဲ့အလုပ်က ဒီပွဲမှာ ကောင်းမွန်တဲ့ အနေအထားမှာရှိအောင် သေချာလုပ်ရမှာဖြစ်ပါတယ်" "ကျွန်တော်တို့က ဖိုင်နယ်သို့ရောက်ဖို့ အရမ်းကို စိတ်အားထက်သန်နေပါတယ်။ ဒါကြောင့် လုပ်ဆောင်မှုတွေအတွက် အသေအချာအာရုံစိုက်ကာ ဆောက်သမ်တန်နှင့်ပွဲကို အကောင်းဆုံးလုပ်သွားမှာပါ" လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ နယူးကာဆယ်ဟာ ခရစ္စတယ်ပဲလေ့စ်နှင့် ဂိုးမရှိသရေကျကာ ပရီးမီးယားလိဂ် ၁၅ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ဆက်နိုင်ခဲ့ပါတယ်။ ပြိုင်ဘက် ဆောက်သမ်တန်ဟာ ယခုနှစ်လိဂ်မှာ ရုန်းကန်ခဲ့ရပြီး အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေသော်လည်း နိုဝင်ဘာလတွင် နာသန်ဂျုံးစ်ကို ခန့်အပ်ပြီးနောက် စီမံခန့်ခွဲမှုအသစ်အောက်တွင် ရှိနေကာ ယခုရာသီဖလားပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိထားပါတယ်။

ကာရာဘောင်ဖလားကွာတားဖိုင်နယ်တွင် ခန်းစီးတီးအားအနိုင်ရရှိခဲ့သည့်အပြင် ဆောက်သမ်တန်ဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်သိုရောက်ရှိခဲ့ကာ ဟိုဝီကတော့ သူ့ရဲ့ပြိုင်ဘက်အတွက် ချီးကျူးထားတာဖြစ်ပါတယ်။

သူက “ဟက်ဆန်ဟက်တယ်မှာ သူ့ရဲ့ကစားပုံရှိပါတယ်။ နာသန်မှာလည်း ရှိပါတယ်။ ကျွန်တော်ပြောသလိုပဲ သိသာတဲ့ အပြောင်းအလဲတွေတော့ မဟုတ်ပါဘူး" "နာသန်ကို နည်းပြတစ်ယောက်အနေနဲ့ အရမ်းလေးစားမိပါတယ်။ သူလုပ်ဆောင်ခဲ့တဲ့ လူတွန်ကအချိန်တွေကိုကြည့်ပြီး သူ့ရဲ့နည်းပြဘဝမှာ အရမ်းကောင်းခဲ့တယ်လို ကျွန်တော်ထင်ပါတယ်" “သူက အခု ကလပ်အသစ်ကို ရောက်နေပြီး အဲဒီမှာ သူ့အကြံဉာဏ်တွေကို အကောင်အထည်ဖော်ဖို ကြိုးစားနေတာပါ။ နည်းပြအသစ်၊ ကစားသမားအသစ်တွေနဲ့ အတူ ဟက်ဆန်ဟက်တယ်ရဲ့လက်ထက်က ကျွန်တော်တို့ရင်ဆိုင်ခဲ့ရတာနဲ့တော့ မတူညီတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ" "ဖလားပွဲက နှစ်သင်းစလုံးအတွက် အခွင့်အရေးဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ၊ ဒီနှစ်ပွဲကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ တွန်းအား တစ်ခုဖြစ်မှာပါ" လို့ ဟိုဝီက ပြောပါတယ်။

#နယူးကာဆယ် #ဆောက်သမ်တန် #ကာရာဘောင်ဖလား #ဟိုဝီ