ရှေ့သို့
Image

လီဗာပူးအတွက် ပွဲ၁၀၀၀ ပြည့်ခဲ့တဲ့ ကလော့ပ်ကို ဂုဏ်ပြုမက်ဆေ့ချ်ပေးပို့လိုက်တဲ့ ဖာဂူဆန်

4:31 PM, 22 January

ယူနိုက်တက်ဂန္ထဝင်နည်းပြဟောင်း ဖာဂူဆန်က လီဗာပူးအသင်းအတွက် ပွဲ ၁၀၀၀ ပြည့်ခဲ့တဲ့ ကလော့ပ်ကို ဂုဏ်ပြုမက်ဆေ့ချ်ပေးပို့လိုက်ပါတယ်။

လီဗာပူးနည်းပြဟာ ချဲလ်ဆီးအသင်းနဲ့အန်ဖီးလ်ပွဲမကစားခင်မှာ အဆိုပါစံချိန်ကိုတင်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့လီဗာပူးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ ရုန်းကန်နေရတာဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြဘ၀ အောင်မြင်မှုတွေအများကြီးရယူထားနိုင်ခဲ့ကာ နည်းပြဘဝကို ၂၀၀၁ တုန်းက မိန့်ဇ်အသင်းမှာ စတင်ခဲ့ပါတယ်။ အဲ့နောက် ဒေါ့မွန်ကိုပြောင်းရွှေ့ခဲ့ပြီး ဘိုင်ယန်ကို ကျော်ဖြတ်ကာ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့သလို ချန်ပီယံလိဂ်ဖိုင်နယ်ကိုပါ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။


၂၀၁၅ မှာ လီဗာပူးအသင်းထံရောက်ရှိလာခဲ့ပြီး အသင်းကို ချန်ပီယံလိဂ် ၊ အက်ဖ်အေ ၊ လိဂ်ဖလား နဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ ရယူပေးနိုင်ခဲ့ပါတယ်။

ဖာဂူဆန်ကတော့ ကလော့ပ်တစ်ယောက် နည်းပြဘ၀ ပွဲပေါင်း ၁၀၀၀ ပြည့်ခဲ့တာနဲ့ပတ်သက်ပြီး ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။


“သူ (ကလော့ပ်) တစ်ယောက် နည်းပြဘ၀ ပွဲပေါင်း ၁၀၀၀ ပြည့်ခဲ့တဲ့အတွက် ကျွန်တော် ဝမ်းသာမိပါတယ်။ ဂျာဂျင်က ကမ္ဘာပေါ်မှာရှိတဲ့ထိပ်တန်းနည်းပြတွေထဲကတစ်ဦးပါ။ သူက နည်းပြဘဝမှာ လူတိုင်းအတွက် စိတ်ပိုင်းဆိုင်ရာအားပေးနိုင်မှုကိုယူဆောင်လာတဲ့သူပါ။


ပြီးတော့  သူ့ဘဝမှာ ဆုဖလားအောင်မြင်မှုတွေလည်းရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတွေတုန်းကဆို ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်ပါ ရယူနိုင်ခဲ့ပါတယ်”လို့ ဖာဂူဆန်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကလော့ပ်ဟာ လီဗာပူးအသင်းကို ၁၉၉၀ နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။



#လီဗာပူး #ကလော့ပ် #ဖာဂူဆန် #ပရီးမီးယားလိဂ်