ရှေ့သို့
Image

မွိုက်စ်ကိုင်စီဒိုအတွက် ပေါင် ၆၅ သန်းအထိ အသုံးပြုဖို့ အဆင်သင့်ဖြစ်နေတဲ့ ချဲလ်ဆီး

3:31 PM, 22 January

ပိုင်ရှင်သစ် တော့ဘိုလီ လက်ထက်မှာ ချဲလ်ဆီးအသင်းရဲ့ ဇန်နဝါရီအပြောင်းအရွှေ့က ခန့်မှန်းလို့မရနေတာဖြစ်ပြီး ပီအက်စ်ဗွီကနေရောက်ရှိလာတဲ့ မာဒူကီကတော့ လက်ရှိလရဲ့ ၆ ဦးမြောက် ကစားသမား ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။


ကွင်းလယ်နေရာကတော့ အသင်းဖြည့်တင်းရမယ့် နေရာတစ်ခုအဖြစ် ကျန်ရှိနေပြီး လက်ရှိအချိန် အဆိုပါနေရာကို ပေါ်တာအနေနဲ့ ဖြည့်တင်းနိုင်ခြင်းမရှိသေးကာ ကန်တီရဲ့နေရာကိုအစားထိုးနိုင်ဖို့အတွက် အီကွေဒေါနိုင်ငံသား ကိုင်စီဒိုကို ရည်ရွယ်ထားတာဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းဟာ ဝက်စ်ဟမ်းအသင်းခေါင် ဒီကလန်ရိုက်ကို ချိတ်ဆက်မှုများပြုလုပ်ခဲ့သော်လည်း သူတို့ရဲ့ အရှေ့လန်ဒန်ပြိုင်ဘက်ကတော့ အင်္ဂလန်သားအတွက် ပေါင်သန်း ၁၀၀ တောင်းဆိုခဲ့တာကြောင့် နောက်ထပ် ကစားသမားတစ်ဦးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်၊


ပြီးခဲ့တဲ့ရာသီတုန်းက ကိုင်စီဒိုဟာ ပေါ်တာရဲ့လက်အောက် ဘရိုက်တန်မှာ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းက ပေါင် ၅၅ သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း ကြာသပတေးနေ့က ထရိုဆက်ကို ရောင်းချခဲ့တဲ့ ဘရိုက်တန်ရဲ့ ငြင်းပယ်ခြင်းကိုခံခဲ့ရပါတယ်။


ချဲလ်ဆီးကတော့ ပေါင် ၆၅ သန်းအထိ တိုးမြှင့်ကာ ပြန်လည်ကမ်းလှမ်းဖို့ရှိနေပြီး ဘရိုက်တန်က လက်ခံမယ်လို့ မျှော်လင့်နေကြောင်း The Mirror က ဖော်ပြထားပါတယ်။


"ဒီလိုအဆင့်မှာ အခြားကစားသမားတစ်ဦးနှင့် ပြောင်းလဲဖို့ဆိုတာက ခက်ခဲပါတယ်။ လက်ရှိရာသီကို ကျွန်တော်တို့နှင့်အတူ သူက ကုန်ဆုံးဖို့ မျှော်လင့်မိပါတယ်။ သေချာဖို့အတွက်ဆိုတာကလည်း အမြဲတမ်းခက်ခဲပါတယ်"


"အသင်းကြီးတွေက ကျွန်တော်တို့ကစားသမားတွေကို လိုချင်တာက ကလပ်အတွက် သတင်းကောင်းပါ။ သူ့အတွက် အကောင်းဆုံးဖြေရှင်းမှုကတော့ လက်ရှိရာသီကို ကျွန်တော်တို့နှင့်အတူ ကုန်ဆုံးပြီး အသင်းပြောင်းမယ်ဆိုရင်လည်း နွေရာသီမှ လုပ်တာပိုကောင်းပါတယ်"


"အရင်ပွဲစဉ်တွေကလို ဆက်ကစားမလားဆိုတာကိုတော့ ကျွန်တော်လည်းမသိပါဘူး။ နွေရာသီမှာ အခြားအသင်းသို့ ပြောင်းရွှေ့တာကတော့ ဖြစ်နိုင်ချေရှိပါတယ်" လို့ ဘရိုက်တန်နည်းပြ ဒီဇာဘီက သောကြာနေ့မှာ ပြောပါတယ်။ 

#ချဲလ်ဆီး #အပြောင်းအရွှေ့ #တော့ဘိုလီ #ပရီးမီးယားလိဂ်