ရှေ့သို့
Image

ဒီပေးဟာ ကော်စတာနဲ့ဆင်တူတယ်မြင်ပါတယ်လို့ဆိုတဲ့ ဒီယေဂိုဆီမြွန်နီ

10:57 AM, 22 January

အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဒီယေဂို ဆီမြွန်နီက ခေါ်ယူလိုက်တဲ့ ကြယ်ပွင့်သစ် မက်ဖီးလစ်ဒီပေး ကို အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာနဲ့ နှိုင်းယှဉ်လိုက်ပါတယ်။


မက်ဖီးလစ်ဒီပေးသည်ဘာစီလိုနာမှ အက်သလက်တီကိုမက်ဒရစ်သို့ သောကြာနေ့က ပေါင် 2.6 သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး ကလပ်အသင်းနှင့် နှစ်နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။


၎င်း၏အသင်းဟောင်းတွင် ရုန်းကန်ခဲ့ရပြီးနောက် ပုံမှန်ပွဲကစားချိန် ပိုမိုရှာဖွေရန် ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။


"မက်ဖီးလစ်ဒီပေးဟာ စိတ်အားထက်သန်စွာနဲ့ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရယူလိုတဲ့ဆန္ဒနဲ့ ရောက်ရှိလာပါတယ်၊ သူ လိုင်ယွန်မှာကစားခဲ့တုန်းကလိုခြေစွမ်းမျိုးရအောင် ကျွန်တော်တို့ လုပ်ဆောင်မှာဖြစ်ပြီး သူ့ရဲ့အစွမ်းသတ္တိကို ပြသခဲ့ပြီး သူ့ရဲ့အကောင်းဆုံးပုံစံကို ဆောင်ကျဉ်းပေးမှာပါ"ဟုအသက် 52 နှစ်အရွယ် မန်နေဂျာကစနေနေ့ညတွင် ရီးရဲလ်ဗယ်လာဒိုလစ်နှင့် လာလီဂါပွဲစဉ်မတိုင်မီ အက်သလက်တီကိုအသင်း၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ၎င်း၏နောက်ဆုံးကြယ်ပွင့်ရောက်ရှိလာခြင်းနှင့်ပတ်သက်၍ပြောကြားခဲ့ပါတယ်။


"သူက ဒုတိယတိုက်စစ်မှူးအဖြစ် အမြဲတမ်းစတင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ [ဒီယေဂို] ကော်စတာနဲ့ ဆင်တူတယ်လို့ မြင်မိပေမယ့် သူက ပွဲအခြေအနေကို ကောင်းကောင်းနားလည်ပြီး တွန်းတွန်းတိုက်တိုက်ကစားတတ်တာမို့ တိုက်စစ်မှူးနေရာလည်းကစားနိုင်မယ်လို့မြင်မိပါတယ်၊ ပြီးခဲ့တဲ့ရာသီက သူခြေစွမ်းမပြနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ဒီရာသီမှာတော့ သူကောင်းကောင်းလုပ်ပြနိုင်မယ်လို့ထင်ပါတယ်" ဟု ဆီမြွန်နီက ထပ်မံပြောကြားခဲ့ပါတယ်။


စပိန်တွင် ဒီယေဂိုကော်စတာသည် ၂၁၆ ပွဲတွင် ၈၃ ဂိုးသွင်းယူခဲ့ပြီး မက်ဖီးလစ်ဒီပေးသည်ယခုရာသီတွင်လာလီဂါတစ်ဂိုးသာသွင်းယူပေးထားသောကြောင့်ဆီမြွန်နီရဲ့ နှိုင်းယှဉ်မှုအံ့သြဖွယ်ကောင်းသောအကြံပြုချက်တစ်ခုဖြစ်ကြောင်းသိရှိရပါတယ်။


မက်ဖီးလစ်ဒီပေး သည် လီဂူး ၁ တွင် ၇၆ ပွဲကစားကာ ၁၇၈ ဂိုးသွင်းယူကာ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း လိုင်ယွန်တွင် ကစားသမားဘဝအမြင့်ဆုံးအချိန်ကိုရရှိခဲ့တာဖြစ်ပြီးနောက်ပိုင်း ယူနိုက်တက်တွင်လည်းခြေစွမ်းမပြနိုင်တဲ့အခက်အခဲများလည်းတွေ့ကြုံခဲ့ရတာပဲဖြစ်ပါတယ်။


အသက် 28 နှစ်အရွယ်ရှိပြီဖြစ်သော မက်ဖီးလစ်ဒီပေးဟာ စပိန်မြို့တော်သို့ ရောက်ရှိလာခြင်းသည် ဒီပေအတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပဉ္စမမြောက်အပြောင်းအရွှေ့တစ်ခုဖြစ်ပြီး ဘာစီလိုနာတွင် ရုန်းကန်ခဲ့ရပြီးနောက် သူ့ရဲ့ပုံစံကောင်းတွေကို ပြန်လည်ရှာဖွေနေပြီပဲဖြစ်ပါတယ်။

#လာလီဂါ #အက်သလက်တီကို #ဒီပေး #ဆီမြွန်နီ