ရှေ့သို့
Image

အဲဗာတန်ကြယ်ပွင့် ဂေါ်ဒွန်ကိုခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ နယူးကာဆယ်

7:18 PM, 21 January

ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားတိုင်းရဲ့ မတူညီတဲ့ ဦးတည်ချက်တွေနဲ့ အသင်းပြောင်းရွှေ့မှုတွေ ပြုလုပ်လေ့ရှိကြပါတယ်။ အခုလည်း အဲဗာတန်ကြယ်ပွင့် အန်တိုနီဂေါ်ဒွန်ကို ဂွတ်ဒီဆင်ပါ့ခ်ကနေ ခေါ်ယူဖို့ကြိုးစားလာတဲ့ နောက်အသင်းတစ်ခု ပေါ်လာပြန်ပါတယ်။ နွေရာသီတစ်လျှောက်လုံး တော့တင်ဟမ်၊ ချဲလ်ဆီးတို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဒီကစားသမားကို ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း နယူးကာဆယ်က ခေါ်ယူဖို့ စိတ်ဝင်စားလာပြန်ပါတယ်။

တိုက်စစ်မှူးခရစ္စဝုဒ်ကို နော်တင်ဟမ်ဖောရက်စ်ထံ ရောင်းထုတ်ခဲ့ပြီးနောက် ဒီရာသီမှာ ခြေစွာနေတဲ့ နယူးကာဆယ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ဥရောပအဆင့်မီ ကစားသမားတွေကို ဆက်တိုက်ခေါ်ယူဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းဆိုးရွားခဲ့တဲ့ အဲဗာတန်အတွက်တော့ ဂေါ်ဒွန်က အကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အသင်းရဲ့ ပွဲတိုင်းလိုလို ကစားခဲ့ရပြီး အဲဗာတန်ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ 

ဒါပေမယ့် နွေရာသီမှာ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း ဂေါ်ဒွန်ရဲ့ခြေစွမ်းကလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ အဲဗာတန်အနေနဲ့ လက်ရှိအသင်းမှာ ငွေကြေးလိုအပ်ချက်ကလည်း ရှိနေတာကြောင့် အကယ်ဒမီထွက် ကစားသမားလေးကို ကြေးကြီးကြီးနဲ့ ရောင်းချဖွယ်ရှိနေပါတယ်။ နယူးကာဆယ်အပြင် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ကလည်း ၂၁ နှစ်အရွယ် ကစားသမားလေးကို စောင့်ကြည့်လျက်ရှိပါတယ်။ 

#အဲဗာတန် #နယူးကာဆယ် #ဂေါ်ဒွန်