ရှေ့သို့
Image

ပယ်လီစထရီကို ဗလန်စီယာကအငှားခေါ်ဖို့ စိတ်ဝင်စားပေမယ့် အသင်းမှာဆက်နေစေချင်နေတဲ့ တန်ဟတ်

6:03 PM, 21 January

ဗလန်စီယာအသင်းဟာ မန်ချက်စတာယူနိုက်တက် လူငယ်တောင်ပံကစားသမား ဖာကွန်ဒိုပယ်လီစထရီကို အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ ပယ်လီစထရီဟာ ၂၀၂၀ အောက်တိုဘာမှာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့ပေမယ့် ယူနိုက်တက်အတွက် ပွဲဦးထွက်ကို ဒီလအစောပိုင်းတုန်းက ချာလ်တန်အသင်းနဲ့ ကာရာဘောင်ပွဲစဉ်ကျမှ ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

၂၁ နှစ်အရွယ် ကစားသမားဟာ လူစားဝင်ကစားခဲ့တာဖြစ်ပေမယ့်လည်း မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ နောက်ကျဂိုးအတွက် လှလှပပ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပယ်လီစထရီဟာ ပြီးခဲ့တဲ့နှစ်တွေကလည်း စပိန်ကလပ် အလာဗက်စ်ကို အငှား ၂ ကြိမ် ထွက်ခဲ့ဖူးပေမယ့် နည်းပြတန်ဟတ်က ပွဲကစားခွင့်ရဖို့ အငှားထွက်လိုနေကြတဲ့ ပယ်လီစထရီနဲ့ အန်တိုနီအီလန်ဂါအပါအဝင် ဘယ်ကစားသမားကိုမှ ဒီလထဲမှာ ပေးထွက်ဖို့ ဆန္ဒမရှိဖြစ်နေပါတယ်။ 

အီလန်ဂါကလည်း ဒေါ့မွန်ကိုယာယီပြောင်းရွှေ့ဖို့ သတင်းကြီးနေပေမယ့် ဒီအပြောင်းအရွှေ့ကလည်း ဖြစ်ပေါ်လာဖို့ အလားအလာ နည်းနေပြန်ပါတယ်။ နောက်ထပ်ထွက်ခွာဖို့ သတင်းကြီးနေတဲ့ ကစားသမားတစ်ယောက်ကတော့ အာရွန်ဝမ်ဘစ်ဆာကာဖြစ်ပြီး အသင်းဟောင်း ခရစ္စတယ်ပဲေ့လစ်က ပြန်ခေါ်ဖို့ စိတ်ဝင်စားနေပေမယ့် လက်ရှိအသင်းမှာ ခြေစွမ်းပြန်လည် ပြသနိုင်နေတာကြောင့် အသင်းမှာပဲ ဆက်နေရဖို့များလာပါတယ်။ 

ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့် ကမ္ဘာ့ဖလားအပြီးမှာတော့ ဝမ်ဘစ်ဆာကာက ယူနိုက်တက်ရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲစလုံးကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရထားပါတယ်။ တစ်ဖက်မှာလည်း ယူနိုက်တက်က ဒေါ့မွန်ကနေ ထွက်ခွာဖွယ်ရှိတဲ့ တိုက်စစ်ကစားသမား မာကိုရူးစ်ကို စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့အပတ်က ကစားသမားရဲ့ အေးဂျင့်နဲ့ နည်းပြတန်ဟတ်တို့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လက်ရှိအသင်းမှာ တစ်ပတ်ကိုပေါင် ၂၀၀၀၀၀ ထိ ရရှိနေတဲ့ ၃၃ နှစ်အရွယ် ကစားသမားကြီးရဲ့ လစာကိုတော့ ပေးဖို့ဆန္ဒမရှိပါဘူး။ 

#မန်ချက်စတာယူနိုက်တက် #ပယ်လီစထရီ #ဗလန်စီယာ