ရှေ့သို့
Image

လတ်တလော ရုန်းကန်နေရမှုတွေ အတွက် အသင်းပိုင်ရှင်တွေနဲ့ ဆွေးနွေးခဲ့တဲ့ လက်စတာနည်းပြ ရော်ဂျာ

12:50 PM, 20 January

လက်စတာနည်းပြဘရန်ဒန်ဂျော်ဂျာက အသင်းပိုင်ရှင်အီရာဝပ်နဲ့အတူ အသင်းအတွက် အခက်အခဲဖြစ်စေတဲ့ မမြင်နိုင်တဲ့ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးနောက် လာမယ့်စနေနေ့၊ ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့် ပွဲကျပ်မတိုင်မီ လက်စတာဘုတ်အဖွဲ့နဲ့ နည်းပြရော်ဂျာအပေါ် ပရိသတ်တွေက သံသယတွေ ဝင်လာခဲ့ပါတယ်။ ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ အသင်းပိုင်ရှင်အီရာဝပ်လည်း တက်ရောက်ကြည့်ရှုမယ်လို့ မျှော်လင့်ရပါတယ်။

နည်းပြရော်ဂျာက “ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ အသင်းလေ့ကျင့်ရေးကွင်းဆီ အသင်းပိုင်ရှင်ရောက်လာချိန် ကျွန်တော်တို့ စကားပြောဖြစ်ခဲ့ပါတယ်။ သူက အသင်းအတွက် အကောင်းဆုံးဖြစ်လာအောင် လုပ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားပြီး ရည်မှန်းချက်ကြီးမားသူလည်း ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုက လူတိုင်းအတွက် အရေးကြီးပါတယ်။ ဆုဖလားတွေ အနိုင်ရခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရာကနေ အခုလို အခြေအနေတွေ ဖြစ်ပေါ်လာတာအတွက် ပရိသတ်တွေအပေါ် ကျွန်တော် စာနာနားလည်မှုအပြည့်ရှိပါတယ်။ ကျွန်တော်တို့က အဲ့ဒီလိုအနေအထားကနေ ကစားသမားသစ်အင်အား မစုဆောင်းနိုင်ဘဲ လက်ရှိမှာတော့ ဒုက္ခပင်လယ်ဝေနေပါတယ်။ အသင်းနဲ့ အသင်းပိုင်ရှင်၊ အားပေးသူပရိသတ်တွေအကြား မယုံနိုင်လောက်စရာ ဆက်ဆံရေးကောင်းတွေ အမြဲရှိနေခဲ့ပါတယ်။ ပရိသတ်တွေ အတွက် ကျွန်တော်ပေးချင်တဲ့ သတင်းစကားကတော့ အခုရှိနေတဲ့ဘုတ်အဖွဲ့အပေါ် ယုံကြည်မှုထားစေချင်တာပါပဲ”

“အသင်းပိုင်ရှင်အီရာဝပ်က အသင်း အတွက် မယုံနိုင်လောက်စရာ ကောင်းမွန်သူ တစ်ဦးပါ။ လွန်ခဲ့တဲ့လေးနှစ်၊ ကျွန်တော် ဒီအသင်းဆီ ရောက်ရှိလာချိန် အသင်းရဲ့ရည်မှန်းချက်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်ဖို့ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကိုဗစ်ကပ်ရောဂါနဲ့အတူ အပြင်လူတွေမမြင်တွေ့နိုင်တဲ့ ကိစ္စရပ်တွေက ကျွန်တော်တို့ကို အခက်အခဲတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စရပ်တွေကိုဖြေရှင်းဖို့ ကျွန်တော်တို့တွေ နည်းလမ်းရှာသွားရပါမယ်။ လာမယ့်နှစ်မှာ အသင်းက ပုံမှန်ပြန်ဖြစ်လာပြီး နောက်တစ်ကြိမ်အင်အားတောင့်တင်းလာမှာ သေချာပါတယ်။ လက်ရှိအခိုက်အတန့်မှာတော့ အားလုံးလက်ခံပေးနိုင်ဖို့ စိန်ခေါ်မှုတစ်ခုရှိနေပါတယ်။ အရာရာတိုင်း အဆင်ပြေပြေဖြစ်လာဖို့ ကစားသမားတွေကလည်း တိုက်ပွဲဝင်ပေးပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုခက်ခဲတဲ့ကာလကို အတူတကွညီညီညွှတ်ညွှတ်နဲ့ လက်တွဲကျော်ဖြတ်သွားဖို့ လိုအပ်ပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။

လက်စတာက လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်-၁၅ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန် အန္တရာယ်ကြုံတွေ့နေရပါတယ်။

#လက်စတာ #ရော်ဂျာ #ပရီးမီးယားလိဂ်